start - Run မှာ regedit လို့ ရိုက်ထည့်ပြီး Registry Editor ကို ၀င်ပါတယ်။ ပြီးရင် အောက်က D-tree အတိုင်း ContextMenuHandlers ကို ရှာပါ။
HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers
ContextMenuHandlers ဆိုတဲ့ item ကို R-Click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ Copy to လို့ နာမည်ပေးလိုက်ပါတယ်။

Copy to ကို နှိပ်ပြီး ညာဘက်က (Default) ဆိုတာကို Double-click နှိပ်ပြီး တန်ဖိုးကို အောက်က code လေး ကူးထည့်ပေးလိုက်ပါ။
{C2FBB630-2971-11D1-A18C-00C04FD75D13}

နောက်ပြီးရင် move to ကိုလည်း အဲဒီ အတိုင်းပဲ ထည့်ရမှာ ဖြစ်ပါတယ်။ ContextMenuHandlers ဆိုတဲ့ item ကို R-Click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ Move to လို့ နာမည်ပေးလိုက်ပါတယ်။ Move to ရဲ့ (Default) value ကို လည်း D-Click နှိပ်ပြီး အောက်ပါ code လေးကူးထည့်ပေးလိုက်ပါ။
{C2FBB631-2971-11D1-A18C-00C04FD75D13}

ပြီးပါပြီ။ Registry Editor ကို ပိတ်ပြီး ဖိုင်တစ်ဖိုင်ကို R-Click လုပ်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း Copy to နဲ့ move to ပေါ်နေပြီဖြစ်ပါတယ်။

ပို၍မြန်ဆန်စွာ အသုံးပြုနိုင်ကြပါစေဗျာ .....
Vista အတွက်လည်း အဲဒီနည်းအတိုင်းပဲ ဖြစ်ပါတယ်။ မလုပ်ချင်တော့ဘူး လုပ်ပြီးသား reg ဖိုင်ပဲ လိုချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။ Run လိုက်ယုံနဲ့ အပေါ်ကအတိုင်းလုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ ....
No comments:
Post a Comment