Friday, March 20, 2009

အင်တာနက်ဆိုင်က သုံးရင် msdts.exe ဆိုရင် key-logger...သတိထားဖို့...

All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊
(သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။
ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား ..
software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ . ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။
Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။
ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။
အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...။
ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး.......
ကိုယ်သုံးတဲ့ အကောင့်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။




(အထက်ပါ ပို့စ်လေးကို ဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကို ပြန်မှီငြမ်းထားပါတယ်)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

froxy proxy နဲ့ Ultrastruf , freedone, freegate, Mpt တွဲသုံးမယ်....

မြန်မာနိုင်ငံမှာ အင်တာနက် သုံးခွင့်ရတာကို ပထမဆုံးကျေးဇူးတင်လိုက်ပါတယ်။
လိုင်းမကောင်း တာလေးတွေကတော့ ကျွန်တော် တို့ နိုင်ငံ ကိုယ်ပိုင် မရှိလို့ပါ။
ထားပါတော့ ။ ဒီလောက် ရတာ ကျေးဇူးတင်လိုက်ပါပြီ။
ကျွန်တော်တို့ ကျော်တဲ့ ခွတဲ့ ဆော့ ၀် လ် လေးတွေကို လဲ သိသင့် သလောက် သိနေကြပါပြီ။
အခု လောလောဆယ် အဆင်ပြေတာကတော့ Ultrastruf ဖြစ်ပါတယ်။
ဒီမှာ (http://www.ultrareach.com/) download လုပ်လို့ရပါတယ်။
download ဆွဲပြီး RUN ပြီးသွားရင် မီးတောက်ပုံလေးကို ကိုယ့် ညွှန်းပြီး ဆွဲ ထားတဲ့နေရာလေးမှာပေါ်နေပါမယ်။
သူကိုဖွင့်လိုက်ပါ။Proxy setting ထဲကိုဝင်ပါ။ Manual proxy setting ကိုရွေးလိုက်ပါ။ ပြီးရင် 203.81.64.34 port ကတော့ 8080 လို့ချိန်းပါ။ ဒါကတော့ ကိုယ့်ရဲ့ မူရင်း proxy ကုဒ်ဖြည့်ပေးရတဲ့ သဘောပါပဲ။ ygncache3.mpt.net.mm port 8080 ဆိုပြီးလဲ ထည့်နိုင်ပါတယ်။
ဒါကတော့ သုံးတဲ့ proxy ပေါ် မူတည်ပါတယ်။ ပြီးရင် ကျွန်တော်တို့ OK လုပ်ပြီးထွက်လိုက်ပါ။
သူကို mini လုပ်လို့ ရပါတယ်။ သွားတော့ မပိတ်လိုက်နဲ့။ သူက အားပြည့်တယ် ဆိုရင် မီးတန်းလေး သုံးတန်း လင်းနေမယ် အောက်က ပုံအတိုင်းပေါ့ဗျာ။



တကယ်လို့ မပြည့်ဘူးဆိုရင် FAIL ပြနေမယ်။ ပြီးရင် သူ့ကို ဖွင့်ဖို့ အတွက် IEကို ညွှန်းထားတဲ့ အတွက် အောက်ပုံအတိုင်း IE မှာပေါ်လိမ့်မယ်။



ဘာစာတွေလဲ ဆိုပြီး စိတ်မညစ်ပါနဲ့....။
သူ့ရဲ အပေါ်BAR က http://www.ultrareach.com/search.htm ဆိုတာကို ဖျက်လိုက်ပါ။
ပြီးရင် အဲ့ဒီနေရာမှာ google လို့ ရိုက်လိုက်ပြီး Ctrl+Enter နှိပ်လိုက်ပါ။
အဲ့လို နှိပ်လိုက်တာနဲ့ http://www.google.com ဆိုတာနဲ့ အတူ ကျွန်တော်တို့ ရဲ့ ဆရာကြီး google ရောက်လာပါလိမ့်မယ်။
စရှာပါတော့ ပိတ်ထားသမျှ ကျော်နိုင်ခွနိုင်ပါပြီ။ စလုပ်ပါတော့ ။
ကျွန်တော်တို့ IE မှာတင်မက Mozilla မှာ ပါသုံးချင်တယ်ဆိုရင် တော့ fire fox ကို ဖွင့်ပါ ပြီးရင် tool ကိုသွားပါ။ OPtions ကို Click ပါ။ပြီးရင် advanced ____> Network_________> Setting ပြီးရင် အောက်ကပုံအတိုင်း နံပါတ်လေး ချိန်းလိုက်ပါ။ manual မှာ 127.0.0.1 ပါ။


mozialla addon ထဲက froxyproxy ကို သုံးကြည့်ပါ။
အဲ့ဒီaddon လေးကိုသုံးပြီး တစ်လိုင်းမကောင်း တစ်လိုင်းပြောင်း သုံးကြည့်ပါ...။

ဒီမှာ (http://foxyproxy.mozdev.org/downloads.html/) ရနိုင်ပါတယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....

G talk မှာ မိမိထံ မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ....။
ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ....။
ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ...။
ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ .....။
show original ကိုဆက်လက် click ပါ ။
Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ...။ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ ....။
Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ...။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကျော်တဲ့ခွတဲ့ Freegate တွေသုံးမရတော့ရင် ....

Freegate တွေသုံးမရတော့ လို့စိတ်ညစ်မနေကြပါနဲ့ ...
နောက်ထပ် Bypass tool လေးတွေရှိပါသေးတယ်..။


1. GPass
2. Free Gate.v.6.79[Best tool Ever]
3. GTunnel
4. Ultra Surf.v.9.2[Good]
5. Freenet

GPass က window vista ရော XP မှာပါ Run လို့အဆင်ပြေမှာပါ။
င်္Freegate က တရုတ်နိုင်ငံအတွင်မှာပဲသုံးလို့ရပါတော့တယ် တခြားနိုင်ငံ တွေအတွက် Shareware ပေးမယ်လို့ကြေငြာထားဆဲပါ
GTunnel ကတော့ XP မှာပဲ Run လို့ရပါတယ်
Ultra Surf ကတော့ ဒီက Connection နဲ့ အဆင်မပြေတာများပါတယ်...
င်္Freenet ကတောမစမ်းကြည်ရသေးဘူး

ွGPass > Download link:
http://www.4shared.com/file/80626656/9b745ba3/GPass-344.html?cau2=403tNull
GTunnel > Download link:
http://www.4shared.com/file/80626166/b5161ee5/GTunnel.html?cau2=403tNull

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Kaspersky offline update လုပ်နည်း...

kaspersky update ကို download လုပ်မယ်ဆိုရင် www.kaspersky.com ကိုသွားလိုက်ပါ......။
ပြီးရင်တော့ menu bar မှာရှိတဲ့ download ကို click ပါ........ပြီးရင်အောက်မှာရှာကြည့်လိုက်.....။
database update ဆိုတာတွေ့ရပါလိမ့်မယ်.....click လိုက်ပါ...။
ပြီးတာနဲ့နောက် webpage တစ်ခုမှာ 5.0 product/6.0 product/7.0product ဆိုတာကိုတွေ့ရပါမယ်.........မိမိနဲ့သက်ဆိုင်တဲ့ version
ကို click လိုက်ပါ......။
နောက် webpage တစ်ခုမှာ........daly /weekly/complete ဆိုတဲ့ highlight ၆ခုကိုတွေ့ရပါ့မယ်.....။
အပေါ်က(၃)ကို download လုပ်ရပါ့မယ်.....။
.အဲဒီမှာ သူ download ပေးတဲ့ lab တွေကိုတွေ့ရပါ့မယ်....။
အဲဒီ lab တွေကနေ download လုပ်လို့ရပါတယ်....။
download ကိုလည်း zip file နဲ့ဘဲပေးပါတယ်.....။
မိမိစက်မှာ ပြန်ပြီးတော့ update တင်မယ်ဆိုရင်တော့ zip file အတိုင်းတင်လို့မရပါဘူး....။
ဖြေပေးရပါတယ်........winrar လိုဟာမျိုးနဲ့ဖြေလို့ရပါတယ်....။
update လုပ်တာလည်းအဆင့်ဆင့်ရှိပါတယ်....။
kaspersky ကို ဖွင့်လိုက်ပါ....။
ပြီးတာနဲ့ setting ကိုသွားပါ....။
update-->configure--->add ကနေမိမိ update file ကိုညွှန်းပေးရပါမယ်.။
အရင်ဆုံး complete file ကို update လုပ်ပေးရပါ့မယ်....။
update file က zip file ဖြစ်နေရင်တော့ update လုပ်လို့ရမှာမဟုတ်ပါဘူး..။
အဲဒါကိုတော့သတိထားရမှာဖြစ်ပါတယ်.....။
ပြီးတာနဲ့ ok အဆင့်ဆင့်ပေးပြီးထွက်ပါ ....။
ပြီးရင် update ကို click လုပ်လိုက်ပါ....။
update complete successfully ဆိုရင် update ဖြစ်ပါတယ်...။
all componet ware not complete ဆိုရင်တော့ update မဖြစ်ပါဘူး..။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

portable software လေးများကိုယ်တိုင်ဖန်တီးခြင်း...

.portable software ကိုမသိသေးသော သူငယ်ချင်း များအတွက်....
Portable software ဆိုတာက ကျွန်တော်တို့ ပုံမန် Software ကြီးတစ်ခုလုံးကို တင်စရာမလိုပါဘူး..။
သုံးချင်တဲ့ time မှာ Run ပြီးတော့ မသုံးချင်ရင် Close နဲ့ ပိတ်လိုက်ရုံပါဘဲ...။
သူ့ကိုသုံးခြင်းအားဖြင့် Harddisk Space နဲတဲ့သူများအတွက်အဆင်ပြေပါတယ်...။
သွားလေရာကိုလည်း Flash Drive or USB drive လေးနဲ့လွယ်ကူစွာ သယ်ယူသွားလို့ရပါတယ်...။
သုံးမယ်ဆိုမှ Run ပြီးသုံးရုံပါဘဲ...ကျွန်တော်နားလည်သလောက် ရှင်းပြတာပါ....။

Portable software လေးတွေကိုယ်တိုင် ဖန်တီးကြည့်ရအောင်ဗျာ..လိုအပ်တဲ့ software လေးတွေက

1. Total Uninstaller 2.35
2. Portable Application Template
3. NSIS တွေပါဘဲ။

ပထမဆုံး portable program ဖြစ်ချင်တဲ့ software ကို Total Uninstaller ထဲကနေ run.....နောက်ပြီး Export ကနေ log file ကိုထုတ်....၊

Portable Application Template ထဲက NSI File ကိုဖွင့် ခုနက Export လုပ်ထားတဲ့ log file ထဲက Registry တွေကို NSI File ထဲကိုထည့်...၊

Save လုပ်...NSIS ထဲကနေ ခုနက NSI File ကို open နောက်ပြီး complie လုပ်...


လိုအပ်တဲ့ Software လေးတွေကို upload တင်ပေးထားပါတယ်...။
သူငယ်ချင်းတို့လုပ်ပြီးရင်လည်း.. Sharing upload လေးတွေပြန်ပေးပါဦး...။
မလုပ်တတ်သောသူတွေ တချို့သူတွေ အတွက်ပါ...။
download လုပ်ဖို့ Link ကအောက်မှာပါ..

1. http://www.wikifortio.com/749103/tun235.zip
2. http://www.wikifortio.com/749072/ApplicationPortableTemplate.zip
3. http://www.wikifortio.com/584196/nsis-2.26-setup.rar

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Administrator account အပါအ၀င် User account တွေအားလုံး Disabled ဖြစ်သွားရင်...

အခြားတစ်ယောက်ယောက်က ၀င်ကလိသွားလို့ ပဲ ဖြစ်ဖြစ် မိမိ ရဲ့ accountsတွေအားလုံး Disabled ဖြစ်သွားခဲ့ ရင်.............. အရင်ဆုံး Computer စတက်လာလာခြင်း F8 ကိုနှိပ်ပြီး Safemode ထဲကိုဝင်လိုက်ပါ ပြီးရင် Administrator account ကို မိမိပေးထားတဲ့ passwords အတိုင်းရိုက်ပြီး ၀င်လိုက်ပါ။ ပြီးရင် Start\Run ကနေ (lusrmgr.msc) ကို ရိုက်ပြီး ok ပေးလိုက်ပါ။ (Local users and groups ) Dialog Box တက်လာရင် Users ကို ၀င်လိုက်ပါ ညာဘက်မှာ မိမိ Computer မှာ ရှိတဲ့ accounts တွေကျလာပါလိမ့်မယ်။ ထို accounts တွေထဲက မိမိ ဖွင့်ချင်တဲ့ account ကို Right click \ properties ကို ၀င်လိုက်ပါ။ ပေါ်လာတဲ့ Box ထဲက General ထဲမှာ account is disabled ဆိုတဲ့ check box ကို on ပေး လိုက်ပါ။ Windows ကို Restart ပြန်ချလိုက်ပါ။ ဒါဆိုရင် မိမိ on ပေး လိုက်တဲ့ account ပြန်ပွင့်နေ တာ ကို တွေ့ရပါလိမ့်မည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Windows XP ရဲ့အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့....

ကျနော်မအားလို့စာမရေးဖြစ်တာလဲကြာပြီးဗျာ..ပျင်းတာလဲပါမှာပေါ့
အခုကျနော်window XP ရဲ့အမြန်နှုန်းကိုမြှင့်တင်ပေးနိုင်တဲ့နည်းလမ်း
အချို့ကိုတင်ပေးလိုက်ပါတယ်

(a) Indexing Services ကို ပိတ်ပစ်ပါ။
ဒီဆားဗစ်က ကျနော်တို့ရဲ့စက်ထဲမှာရှိတဲ့ ဖိုလ်ဒါတွေ၊ ဖိုင်တွေရဲ့စာရင်းကို စနစ်တကျ စုစည်းပေးတဲ့ ဆားဗစ်တစ်ခုပါ။ ကျနော်တို့ ဖိုင်တစ်ဖိုင်ကို ရှာတဲ့အခါတိုင်း စက်ထဲမှာရှိသမျှ ဖိုင်တိုင်းကိုလိုက်စစ်စရာမလိုဘဲ တည်ဆောက်ပြီးသား index list မှာရှာခြင်းအားဖြင့် မြန်မြန်ရှာတွေ့စေပါတယ်။ ဆိုးတာက သူက system resourse တော်တော်များများကို သုံးတာပါပဲ။ ကျနော်တို့ ဖိုင်(သို့)ဖိုလ်ဒါတစ်ခုခုကို ပြင်ဆင်တိုင်း သူကအမြဲနောက်ကွယ်ကနေ indexing and updating လုပ်နေပါတယ်။ ကျနော်တို့က ဖိုင်တွေကို အမြဲရှာဖွေမနေရင်၊ မှတ်မိနေရင်(ဦးနှောက်ကောင်းရင်ပေါ့ဗျာ) ဒီဆားဗစ်မလိုပါဘူး။ ရံဖန်ရံခါ ရှာဖွေဖို့လိုအပ်ရင်တောင် ဒီဆားဗစ်ကို ပိတ်ထားလို့ရပါတယ်။ သူ့ကိုအပြီး uninstall လုပ်ချင်ရင်.... ၁. Start ကို သွားပါ။ ၂. Setting ကိုရွေးပါ။ ၃. Control Panel ကိုရွေးပါ။ (ဒါမှမဟုတ် Windows key + R နှိပ်ပြီး ပေါ်လာတဲ့ Run box ထဲမှာ control လို့ ရိုက်ပြီး Enter ခေါက်ရင်လည်းရပါတယ်) ၄. Add or Remove Programs ကို ဖွင့်ပါ။ ၅. Add/Remove Windows Components ကို ရွေးပါ။ ၆. Indexing Services check box က အမှန်ခြစ်ကို ရှင်းပစ်ပါ။ ၇. Next ကိုရွေးပါ။
(b) OPTIMISE DISPLAY SETTINGS
Windows Xp ရဲ့ အမြင်ပိုင်းဟာ အရင်ဝင်းဒိုးစ်တွေထက်စာရင် စိတ်လှုပ်ရှားစရာကောင်းပေမယ့် "ပေါ့စေလိုလို့ကြောင်ဆေးထိုး၊ ဆေးအတွက်ကြောင့်လေး"ဆိုသလို အဲဒီအခြယ်အသတွေကြောင့်ပဲ စက်ကိုနှေးကွေးစေပါတယ်။ ဂရပ်ဖစ်ပိုင်းကြောင့် စက်ကိုမနှေးကွေးစေဖို့...

1. Go to Start
2. Click Settings
3. Click Control Panel
4. Click System
5. Click Advanced tab
6. In the Performance tab click Settings
7. Leave only the following ticked:
- Show shadows under menus
- Show shadows under mouse pointer
- Show translucent selection rectangle
- Use drop shadows for icons labels on the desktop
- Use visual styles on windows and buttons

(c)
SPEEDUP FOLDER BROWSING
Windows XP မှာ ကျနော်တို့ My Computer ပဲဖြစ်ဖြစ်၊ Windows Explorer ပဲဖြစ်ဖြစ် တစ်ခုခုကို ဖွင့်လိုက်တိုင်း Windows က Network files and Printers တွေကို အလိုအလျောက် ရှာပါတယ်။ Explorer ဖွင့်လိုက်ရင် မှန်ဘီလူးပုံစံနဲ့ ဖိုင်ရှာနေတဲ့ပုံစံကို တစ်ခါတစ်လေ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီ Search ကိုပိတ်ပြီး မြန်မြန် browse လုပ်နိုင်စေဖို့.....

1. Open My Computer
2. Click on Tools menu
3. Click on Folder Options
4. Click on the View tab.
5. Uncheck the Automatically search for network folders and printers check box
6. Click Apply
7. Click Ok
8. Reboot your computer

(d) OPTIMISE YOUR PAGEFILE
ကျနော်တို့ ကွန်ပျူတာနဲ့အလုပ်တွေလုပ်တဲ့အခါ Application တွေအများကြီး တစ်ပြိုင်တည်းဖွင့်ပြီးသုံးလို့၊ ဒါမှမဟုတ် စက်ကိုသုံးတာကြာလာလို့ memory မလောက်မငဖြစ်လာတဲ့အခါ Windows ကနေ Hard disk ရဲ့ Partition တစ်ခုခုမှာ Pagefile လို့ခေါ်တဲ့ ကြိုတင်သတ်မှတ်ထားတဲ့ နေရာတစ်နေရာကို memory အစားထိုးအသုံးပြုပါတယ်။ (Pagefile ကို Virtual Memory လို့လဲခေါ်ပါတယ်။) Windows က သူလိုရင်လိုသလောက် pagefile အရွယ်အစားကို အလိုအလျောက်ရွေးချယ်သုံးသွားပါတယ်။ ကျနော်တို့က Pagefile အရွယ်အစားကို အသေသတ်မှတ်ပေးခြင်းအားဖြင့် Windows ရဲ့ ၀န်တစ်ခုကို ဖယ်ရှားပေးနိုင်ပါတယ်။ Pagefile အရွယ်အစားသတ်မှတ်ဖို့......

1. Right click on My Computer and select Properties
2. Select the Advanced tab
3. Under Performance choose the Settings button
4. Select the Advanced tab again and under Virtual Memory select Change
5. Highlight the drive containing your page file and make the initial Size of the file the same as the Maximum Size of the file. (pagefile ရဲ့ အစပမာဏနဲ့ အဆုံးပမာဏကို အတူတူထားပေးရပါမယ်။)

ဒီနေရာမှာ Pagefile ရဲ့ အရွယ်အစားကို ဘယ်လောက်ထားရင်ကောင်းမလဲဆိုတော့ Windows က Maximum အနေနဲ့ ကျနော်တို့စက်မှာ တပ်ဆင်ထားတဲ့ memory size ရဲ့တစ်ဆခွဲ (1.5X)ကို ပုံသေထားပါတယ်။ ဥပမာ ကျနော်တို့စက်မှာ memory 512 MB ဆင်ထားရင် Windows က အမြင့်ဆုံး 768 MB ထားတယ်ပေါ့ဗျာ။ ဒါပေမယ့်ဒါက 512 MB ထက်မင်မိုရီနည်းတဲ့ စက်တွေအတွက်ပဲလို့ ဆိုပါတယ်။ ဆိုရရင် ဒီစက်တွေအတွက် initial size = 768 Mb, maximum size = 768 Mb ထားပေးရမယ်လို့ဆိုလိုပါတယ်။ memory 512 Mb နဲ့အထက် စက်တွေမှာတော့ Pagefile အရွယ်အစားကို စက်မှာတပ်ဆင်ထားတဲ့ memory size အတိုင်း ရွေးချယ်ပေးရပါမယ်။ ဥပမာ.. memory 1 Gb ရှိတဲ့စက်မှာဆိုရင် initial size = 1024 Mb, maximum size = 1024 Mb ထားပေးရပါမယ်။ ပြီးရင် Set ဆိုတဲ့ ခလုတ်လေးကိုလည်းနှိပ်ပေးဖို့ မမေ့ပါနဲ့။

(e)REMOVE FONTS FOR SPEED
ကျနော်တို့ကွန်ပျူတာတွေရဲ့ အဖိုးတန် system resourses တွေကို ယူသုံးနေတဲ့အရာတွေထဲမှာ ဖောင့်ဖိုင်တွေဟာလည်း တစ်ခုအပါအ၀င်ပါပဲ။ အကောင်းဆုံးက ကျနော်တို့လိုသလောက်၊ သုံးသလောက် မရှိမဖြစ်ဖောင့်အနည်းငယ်ကိုသာ သွင်းထားတာပါပဲ။ မလိုအပ်တဲ့ဖောင့်တွေကို uninstall လုပ်ဖို့...... 1. Open Control Panel 2. Open Fonts folder 3. Move fonts you don't need to a temporary directory (e.g. C:\FONTBKUP?) just in case you need or want to bring a few of them back. The more fonts you uninstall, the more system resources you will gain. (f) DISABLE UNNECESSARY SERVICES Windows Xp စနစ်တွေဟာ လူပေါင်းစုံ၊ အလွှာပေါင်းစုံအတွက် ထုတ်လုပ်ထားတာကြောင့် အားလုံးအတွက်အဆင်ပြေစေဖို့ services မျိုးစုံကိုပြွတ်သိပ်ထည့်ပေးထားပါတယ်။ အဲဒီတော့ ကျနော်တို့မှာ ကျနော်တို့မလိုအပ်တဲ့ အလုပ်တွေအတွက် system ရဲ့resource တွေကို ဖြုန်းတီးနေသလို ဖြစ်နေပါတယ်။ (ဥပမာ.. ကျနော့်အိမ်ကစက်မှာ ဘာအင်တာနက်၊ ဘာနက်ဝက်မှမရှိတဲ့အတွက် ကျနော့်အတွက်တော့ windows ရဲ့ Messenger တို့၊ Workstation တို့စတဲ့ ဆားဗစ်တွေဟာ အပိုပါပဲ။) အောက်ကစာရင်းမှာ စက်အားလုံးနီးပါးအတွက် မသုံးလည်းဘာမှမဖြစ်တဲ့ ဆားဗစ်တွေကို ဖော်ပြထားပါတယ်။ ဒီ့ပြင်ဆားဗစ်တွေလည်း ရှိပါဦးမယ်။ သတိပေးလိုတာက ကိုယ့်စက်နဲ့မကိုက်ညီတဲ့ ဆားဗစ်စာရင်းကို မိမိဘာသာ ဉာဏ်လေးနဲ့ယှဉ်ပြီး သတ်မှတ်ဖို့ပါ။ Alerter Clipbook Computer Browser Distributed Link Tracking Client Fast User Switching Help and Support - (If you use Windows Help and Support leave this enabled) Human Interface Access Devices (do not disable if you use gamepad like stuffs) Indexing Service IPSEC Services Messenger Netmeeting Remote Desktop Sharing (disabled for extra security) Portable Media Serial Number Remote Desktop Help Session Manager (disabled for extra security) Remote Procedure Call Locator Remote Registry (disabled for extra security) Secondary Logon Routing & Remote Access (disabled for extra security) SSDP Discovery Service - (Unplug n' Pray will disable this) Telnet TCP/IP NetBIOS Helper Universal Plug and Play Device Host Windows Time Wireless Zero Configuration (Do not disable if you use a wireless network) Workstation ဒီဆားဗစ်တွေကို ရပ်တန့်ပစ်ဖို့.... Windows Start menu အောက်က Run ကို ဖွင့်ပါ။ (Windows + R) ပြီးရင် ပေါ်လာတဲ့ Run box ထဲမှာ services.msc လို့ရိုက်ပြီး Ok ကိုနှိပ်ပါ။ Services Management Console box ပေါ်လာပါမယ်။ အဲဒီထဲမှာ ကိုယ်ပိတ်ချင်တဲ့ဆားဗစ်ကို double click လုပ်ပြီး သူ့ရဲ့ startup type ကို Disable လို့ပြောင်းပေးရပါမယ်။ မပြောင်းခင် ဆားဗစ်နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်အတိုလေးတွေကို ဖတ်ဖို့မမေ့ပါနဲ့။

(g)
SPEEDUP FOLDER ACCESS - DISABLE LAST ACCESS UPDATE
ကျနော်တို့ရဲ့ စက်ထဲမှာ folder တွေ၊ sub folders တွေအများကြီးရှိတယ်ဆိုပါစို့။ ကျနော်တို့ folder တစ်ခုကို ဖွင့်လိုက်တဲ့အခါမှာ Windows က ဒီဖိုလ်ဒါကိုဘယ်အချိန်မှာနောက်ဆုံးသုံးခဲ့သလဲဆိုတာကို ပြဖို့အတွက် အဲဒီဖိုလ်ဒါနဲ့ သူ့အောက်မှာရှိတဲ့ sub-folder အားလုံးကို စစ်ဆေးပါတယ်။ အဲဒါက အချိန်တော်တော်ကုန်စေပါတယ်။ (windows ကလည်းပိန်းပဗျာ။ အမေမှာ မှာတဲ့အတိုင်း အကုန်လုပ်တာပဲ။) ကျနော်တို့က ဘယ်ဖိုလ်ဒါကို ဘယ်အချိန်ဝင်ခဲ့သလဲ စိတ်မ၀င်စားဘူးဆိုရင် (ကျနော်သိသလောက် ဘယ်သူမှလည်း သတိထားပြီး ကြည့်မနေပါဘူး) အဲဒီ Feature ကိုအောက်ပါအတိုင်း ပိတ်ထားနိုင်ပါတယ်။ သတိ.. သတိ... registry ဆိုတဲ့ system databases ကိုဝင်ပြင်ရမှာ ဖြစ်တဲ့အတွက် သတိကလေးချပ်ပြီး registry backup လေးဘာလေးလုပ်၊ ဒါမှမဟုတ် လက်ရှောင်နေလိုက်လို့လဲ ဖြစ်ပါတယ်။ လုပ်ချင်ရာလုပ်ပြီးရင် မေ့ပစ်တတ်တာ လူဆိုတဲ့အမျိုးမို့လို့ပါ။ Windows Start menu အောက်က Run ကို ဖွင့်ပါ။ (Windows + R) ပြီးရင် ပေါ်လာတဲ့ Run box ထဲမှာ regedit လို့ရိုက်ပြီး Ok ကိုနှိပ်ပါ။ Registry Editor Window ပေါ်လာပါမယ်။ ဘယ်ဘက်က pre-defined Keys listထဲမှာ "HKEY_LOCAL_MACHINE\System\CurrentControlSet\Control\ FileSystem" ထိရောက်အောင် အဆင့်ဆင့်သွားပါမယ်။ ပြီးရင် ညာဘယ်က နေရာလွတ်တစ်ခုခုမှာ right click လုပ်၊ ပေါ်လာတဲ့ pop-up menu ထဲက New -> DWORD Value ကို click လုပ်ပါ။ New Value #1 ဆိုတဲ့ Key အသစ်ကို 'NtfsDisableLastAccessUpdate' လို့ အမည်ပြောင်းပါ။ သူ့ရဲ့ Value Data က ပုံသေ (0) ဖြစ်နေပါမယ်။ အဲဒါကိုပြောင်းဖို့ ကျနော်တို့ဖန်တီးထားတဲ့ key အသစ်ကို double click လုပ်၊ ပေါ်လာတဲ့ Edit DWORD Value box က Value Data မှာ 1 လို့ပြောင်းပြီး Ok ပြောပါ။ ပြီးရင် registry editor ကိုပိတ်ပြီး ကွန်ပျူတာကို restart or log off လုပ်ပေးရပါမယ်။
(h)
IMPROVE BOOT TIMES

Windows Xp မှာ Boot Optimize Function လို့ခေါ်တဲ့ Feature အသစ်တစ်ခု ပါလာပါတယ်။ သူက ၀င်းဒိုးစ်စနစ်စတင်ချိန်မှာ လိုအပ်တဲ့ boot ဖိုင်တွေကို အစီအရီထားပေးခြင်းဖြင့် စက်စတင်ချိန်ကို မြန်စေပါတယ်။ ဒီ Function က စနစ်တော်တော်များများမှာ ပုံသေဖွင့်ပေးထားပေမယ့် တစ်ချို့စက်တွေမှာ ပိတ်နေတတ်ပါတယ်။ သူ့ကိုပြန်ဖွင့်ဖို့....

Go to Start Menu and Click Run
Type in "Regedit" then click ok
Find "HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction"
Select "Enable" from the list on the right
Right-click on it and select "Modify"
Change the value to "Y to enable"
Reboot

(i) IMPROVE SWAPFILE PERFORMANCE

တကယ်လို့ ကျနော်တို့ရဲ့ ကွန်ပျူတာစနစ်မှာ 256 Mb ထက်ပိုများတဲ့ memory ရှိတယ်ဆိုရင် အောက်ပါအတိုင်းပြင်ဆင်ပေးခြင်းဖြင့် စက်ရဲ့စွမ်းဆောင်ရည်ကို ပိုတက်လာစေနိုင်ပါတယ်။ ၀င်းဒိုးစ်စနစ်တွေမှာ စက်ရဲ့ physical memory နည်းလာပြီဆိုရင် swap file (or) pagefile ကို အစားထိုးသုံးပါတယ်။ အဲဒီ virtual memory က physical memory ထက်စာရင် တော်တော်နှေးပါတယ်။ ဒီ Tweak လေးက ကျနော်တို့စက်မှာရှိသမျှ memory နောက်ဆုံး 1 Mb ကျန်သည်အထိ စက်ကိုအသုံးပြုစေပါတယ်။ ပြီးမှ swap file ကိုသုံးစေပါတယ်။ အောက်ပါအတိုင်း ပြင်ပေးရပါမယ်။

Go to Start then Run
Type "msconfig.exe" then ok
Click on the System.ini tab
Expand the 386enh tab by clicking on the plus sign
Click on new then in the blank box type"ConservativeSwapfileUsage =1"
Click OK
Restart PC

(j) IMPROVE MEMORY USAGE

အောက်မှာပေးထားတဲ့ Cacheman ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးက ကျနော်တို့စက်မှာရှိတဲ့ disk cache, memory နဲ့ အခြားအသုံးဝင်မယ့်အရာတွေကို အကောင်းဆုံးအနေအထားမှာရှိနေအောင် ပြုလုပ်ပေးပါတယ်။

Once Installed:

1.Go to Show Wizard and select All
2.Run all the wizards by selecting Next or Finished until you are back to the main menu. Use the defaults unless you know exactly what you are doing.
3.Exit and Save Cacheman
4.Restart Windows

(k) OPTIMISE YOUR INTERNET CONNECTION

ကိုယ့်ရဲ့ အင်တာနက်ချိတ်ဆက်မြန်နှုန်းကို နည်းအမျိုးမျိုးနဲ့ မြှင့်တင်နိုင်ပါတယ်။ ဒါပေမယ့် အလွယ်ဆုံးက အောက်က Tool ကို ဒေါင်းလုပ်လုပ်ပြီး setting တွေချိန်ပေးပါ။

-General Settings tab ကို ဖွင့်ပြိး ကိုယ်အသုံးပြုနေတဲ့ အင်တာနက်မြန်နှုန်းကို ရွေးချယ်ပေးပါ။
-Network Adapter tab ကိုဖွင့်ပြီး ကိုယ်အင်တာနက်ကို ဘယ်လိုချိတ်ဆက်ထားသလဲဆိုတာ ရွေးချယ်ပေးပါ။
-အမြင့်ဆုံးမြန်နှုန်းကို ချိန်ညှိဖို့ Optimal Settings ကို ရွေးပြီး Apply button ကို နှိပ်ပေးပါ။
-စနစ်ကို restart လုပ်ပါ။

(l) RUN BOOTVIS

ဒီ BOOTVIS ဆိုတဲ့ Tool က စနစ်ရဲ့စတင်ချိန်ကို မြန်ဆန်စေပါတယ်။

1. Run Bootvis
2. Select Trace
3. Select Next Boot and Driver Trace
4. A Trace Repetitions screen will appear, select Ok and Reboot
5. Upon reboot, BootVis will automatically start, analyze and log your system's boot process. When it's done, in the menu go to Trace and select Optimize System
6. Reboot.
7. When your machine has rebooted wait until you see the Optimizing System box appear. Be patient and wait for the process to complete.

(m) DEFRAGMENT YOUR PAGEFILE

Windows စနစ်တွေရဲ့ Performance ကို မြန်စေတဲ့အရာတွေထဲမှာ pagefile လို့ခေါ်တဲ့ virtual memory ကို အမြဲတမ်း defragmented ဖြစ်စေတာလည်း တစ်ခုအပါအ၀င်ပါပဲ။ ဒီလိုဖြစ်နေအောင် နည်းလမ်းတော်တော်များများရှိပါတယ်။ တစ်ခုက ကျနော်တို့ရဲ့စက်မှာ partition တစ်ခုသပ်သပ်ဖန်တီးပြီး pagefile တစ်ခုတည်းသုံးဖို့ သတ်မှတ်ပေးတာပါ။ နောက်တစ်ခုက အမြဲတမ်း pagefile defragmented ဖြစ်နေစေဖို့ PageDefrag ဆိုတဲ့ Tool လေးကို run ပေးတာပါ။ ကျနော်တို့စက်စတင်ချိန်တိုင်းမှာ pagefile ကို defrag လုပ်အောင် ချိန်ညှိထားလို့လည်းရပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers