froxy proxy နဲ့ Ultrastruf , freedone, freegate, Mpt တွဲသုံးမယ်....
မြန်မာနိုင်ငံမှာ အင်တာနက် သုံးခွင့်ရတာကို ပထမဆုံးကျေးဇူးတင်လိုက်ပါတယ်။
လိုင်းမကောင်း တာလေးတွေကတော့ ကျွန်တော် တို့ နိုင်ငံ ကိုယ်ပိုင် မရှိလို့ပါ။
ထားပါတော့ ။ ဒီလောက် ရတာ ကျေးဇူးတင်လိုက်ပါပြီ။
ကျွန်တော်တို့ ကျော်တဲ့ ခွတဲ့ ဆော့ ၀် လ် လေးတွေကို လဲ သိသင့် သလောက် သိနေကြပါပြီ။
အခု လောလောဆယ် အဆင်ပြေတာကတော့ Ultrastruf ဖြစ်ပါတယ်။
ဒီမှာ (http://www.ultrareach.com/) download လုပ်လို့ရပါတယ်။
download ဆွဲပြီး RUN ပြီးသွားရင် မီးတောက်ပုံလေးကို ကိုယ့် ညွှန်းပြီး ဆွဲ ထားတဲ့နေရာလေးမှာပေါ်နေပါမယ်။
သူကိုဖွင့်လိုက်ပါ။Proxy setting ထဲကိုဝင်ပါ။ Manual proxy setting ကိုရွေးလိုက်ပါ။ ပြီးရင် 203.81.64.34 port ကတော့ 8080 လို့ချိန်းပါ။ ဒါကတော့ ကိုယ့်ရဲ့ မူရင်း proxy ကုဒ်ဖြည့်ပေးရတဲ့ သဘောပါပဲ။ ygncache3.mpt.net.mm port 8080 ဆိုပြီးလဲ ထည့်နိုင်ပါတယ်။
ဒါကတော့ သုံးတဲ့ proxy ပေါ် မူတည်ပါတယ်။ ပြီးရင် ကျွန်တော်တို့ OK လုပ်ပြီးထွက်လိုက်ပါ။
သူကို mini လုပ်လို့ ရပါတယ်။ သွားတော့ မပိတ်လိုက်နဲ့။ သူက အားပြည့်တယ် ဆိုရင် မီးတန်းလေး သုံးတန်း လင်းနေမယ် အောက်က ပုံအတိုင်းပေါ့ဗျာ။
တကယ်လို့ မပြည့်ဘူးဆိုရင် FAIL ပြနေမယ်။ ပြီးရင် သူ့ကို ဖွင့်ဖို့ အတွက် IEကို ညွှန်းထားတဲ့ အတွက် အောက်ပုံအတိုင်း IE မှာပေါ်လိမ့်မယ်။
ဘာစာတွေလဲ ဆိုပြီး စိတ်မညစ်ပါနဲ့....။
သူ့ရဲ အပေါ်BAR က http://www.ultrareach.com/search.htm ဆိုတာကို ဖျက်လိုက်ပါ။
ပြီးရင် အဲ့ဒီနေရာမှာ google လို့ ရိုက်လိုက်ပြီး Ctrl+Enter နှိပ်လိုက်ပါ။
အဲ့လို နှိပ်လိုက်တာနဲ့ http://www.google.com ဆိုတာနဲ့ အတူ ကျွန်တော်တို့ ရဲ့ ဆရာကြီး google ရောက်လာပါလိမ့်မယ်။
စရှာပါတော့ ပိတ်ထားသမျှ ကျော်နိုင်ခွနိုင်ပါပြီ။ စလုပ်ပါတော့ ။
ကျွန်တော်တို့ IE မှာတင်မက Mozilla မှာ ပါသုံးချင်တယ်ဆိုရင် တော့ fire fox ကို ဖွင့်ပါ ပြီးရင် tool ကိုသွားပါ။ OPtions ကို Click ပါ။ပြီးရင် advanced ____> Network_________> Setting ပြီးရင် အောက်ကပုံအတိုင်း နံပါတ်လေး ချိန်းလိုက်ပါ။ manual မှာ 127.0.0.1 ပါ။
အဲ့ဒီaddon လေးကိုသုံးပြီး တစ်လိုင်းမကောင်း တစ်လိုင်းပြောင်း သုံးကြည့်ပါ...။
0 ရောက်မှဝေဖန်သွားသည်:
Post a Comment