Friday, June 26, 2009

GtalkကOfflineချက်တွေကိုဖမ်းပုံဖမ်းနည်း

Photobucket

ကိုယ့်ရဲ့ Gtalk မှာ လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီလူ
တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။
offline အစစ်လား offline အတုလား သိချင်ရင်လား သိချင်ရင်ဒီလိုလေးစမ်းကြည့်လိုက်။
Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့
ခလုပ်ကိုနှိပ်လိုက်ပါ။ ပြီးရင်.. Go off the record ကို နှိပ်ပါ။သူ့ကို ပုံမှန်ချက်သလို စာတခုခု
ု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။hi လို့ ဖြစ်ဖြစ်ရိုက်ပြီး Chatကြည့်ပေါ့။
..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။တကယ်လို့ ဘာမှ မပေါ်လာရင်
သူ Invisible လုပ်ထားတာပါ။စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
စမ်းကြည့်လိုက်နော် ပြီးမှငါသိတယ်ဆိုပြီးဖမ်းလိုက်ပေါ့။ :)

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers