Tuesday, February 10, 2009

သူတို့ကို ဘယ်လိုခေါ်ရမလည်း.....:P

Image Hosted by ImageShack.us
သူတို့လေးတွေ မချောဘူးလားဗျာ??? သူတို့ကို ဘယ်လိုခေါ်ကြမလည်းဆိုတော့ လာပါဦးလို့ ခေါ်မယ်လား(အခန်းကို ခေါ်ဖို့မဟုတ်ဘူးနော်)။ ဆက်ဖတ်ကြတာပေါ့။
Image Hosted by ImageShack.us
Angels of City လို့ ဒီမြို့ ကို တင်စားကြတယ်တဲ့။ မိန်းမချော တွေ အရမ်းပေါလို့ပါတဲ့။ သူတို့ပြောချင်လည်း ပြောလောက်ပါပေတယ်၊ အနောက်တိုင်းဆန်ဆန် ပွင့်လင်းတဲ့ ဝတ်အစားတွေနဲ့ အရှေ့တိုင်းအလှမယ်တွေကို တွေ့နေရတာလေ။ ထိုင်းနိုင်ငံက ဒီAngels of City လို့ခေါ်တဲ့ ဘန်ကောက်မှာ မိန်းမချောတွေ တကယ်ပေါပါတယ်။ မိန်းကလေးမဟုတ် ယောကျာ်းလေးမဟုတ်ဟာတွေကို တွေ့လာနေရလို့ပါ။ မြင်ရုံနဲ့ (မိမွေးတိုင်းဖ မွေးတိုင်းပြမယ်) အတု လား အစစ်လားခွဲတတ်ရင် လမ်းပြကြယ်ကို ကြိုက်သလိုပြောပါလို့ပြောရပုံပေါက်နေတယ်။
တကယ်မိန်းကလေးတွေထက်ကို လှပါတယ်။ ဒါပေမဲ့ မိန်းကလေးမဟုတ်မှန်းသိရတော့ ချစ်ဖို့နေနေသာသာ အံတောင်အံချင်လာတယ်။
တကယ်ဗျာ ဒီခေတ်ကြီးက လက်လန်အောင်အံသြဖို့ကောင်းတယ်ဗျာ။ သက်မဲ့တွေအကုန် အတုထွင်နေတာအားမရဘူး၊ မိန်းမအတုတွေပါ ပေါ်လာနေတာခက်တယ်။ နောက်ပိုင်းဆို မိန်းမအစစ်ကို တော်တော်ရှာယူရမယ်ထင်ပါတယ်။ သူတို့က မိန်းမလည်းမဟုတ်ဘူး ၊ ယောကျာ်းလည်းမဟုတ်ပြန်ဘူး၊ သူတို့ကို ဘယ်လိုနေရာပေးရင် ကောင်းမလည်း ဘယ်လိုအမည်တပ်ရမလည်း အစ်ကို လို့ခေါ်ရမလား အစ်မ လို့ပဲခေါ်ရမလားဆိုတာ ဒီပို့စ်လေးအောက်မှာ အကြံပေးကြပါ။ ကာလသားကိုကိုတို့
သိထားဖို့အသိပေးထားရအုံးမယ်ဗျာ ။ ဘန်ကောက်ရောက်ရင် ကောင်မလေး မြင်တိုင်းမငမ်းကြပါနဲ့။ နိုက်ကလပ်သွားရင်လည်း သတိထားကြပါလို့(မယုံမရှိနဲ့ကိုယ်တွေ့)။ ပထမဓါတ်ပုံရှင်ကတော့ The winner of 2007 ၊ဒုတိယပုံကတော့ The winner of 2004 ပါ။ လိင်ပြောင်းထားသော မိန်းမအတုဆိုပေမဲ့ အစစ်ထက်တောင်လှတယ်လို့ထင်ရပါတယ်။ သို့သော် အတုမှန်းသိနေတော့ ဘယ်လိုမှ သူတို့အလှအပကို ခံစားလို့မရတော့တာ အမှန်။

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers