Spammer တစ်ဦးကိုဖမ်းမိ
ကမ္ဘာ့ထိပ်တန်း Spammer တစ်ဦးကိုဖမ်းမိ
ကွန်ပျူတာသမားတွေအတွက် ကောင်း သောနေ့တစ်နေ့ဖြစ်ခဲ့ပါပြီ။ ဘာလို့လည်း ဆိုတော့ ထိပ်တန်း Spammer တစ်ဦးကို ဖမ်းမိခဲ့လို့ပါပဲ။ Junk Mail တွေသန်း နဲ့ချီပေးပို့နေတယ်ဆိုပြီး အမေရိကန် တစ်ယောက်ကို စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းကစပြီး junk အီး မေးလ်တွေသန်းချီပေးပို့မှုရဲ့နောက် ကွယ် မှာ Robert Alan Soloway ၂၇ နှစ် ဟာ ပတ်သက်နေတယ် လို့ဆိုပါတယ်။
Zombies လို့ခေါ်တဲ့ Code တစ်မျိုး ကူးစက်ခံနေရတဲ့ ကွန်ပျူတာတွေကိုအသုံး ချပြီး junk mail တွေပေးပို့နေခဲ့တာပါ။ ဒီကွန်ပျူတာပိုင်ရှင်တွေကတော့ သူတို့ ရဲ့စက်ကနေအီးမေးလ်တွေ ဒလဟောပေး ပို့နေတယ်ဆိုတာကိုမသိခဲ့ကြပါဘူး။ ပိုဆိုး တာက သူ့ရဲ့ Newport Internet Maryို့နေတယ်ဆိုတာကိုမသိခဲ့ကြပါဘူး။ ပိုဆိုး တာက သူ့ရဲ့ Newport Internet Marketing ကုမ္ပဏီကနေ တခြားသူတွေအ တွက် အခုလိုလုပ်ဆောင်နေတာဖြစ်ပါ တယ်။ ၁၅ရက်အတွင်း ကြော်ငြာမေးလ် သန်း ၂၀ ပေးပို့ပေးနိုင်ပြီး စရိတ် ၄၉၅ ဒေါ်လာကျမယ်လို့ သူ့ဝက်ဘ်ဆိုက်မှာ ကြော်ငြာထားပါတယ်။
Soloway ကို ကမ္ဘာ့ထိပ်တန်း Spammer ဆယ်ဦးထဲမှာ ပါဝင်တယ်လို့ ယုံကြည်ထားကြပြီ့းှ ရှေ့နေရုံးကဆို ရင် Spam King လို့တောင် နာမည်ပေး ထားပါတယ်။ မေးလ်အယောင်ဆောင်မှု Wire အယောင်ဆောင်မှု၊ အီးမေးလ်အ ယောင်ဆောင်မှု ID ခိုးယူမှု၊ ငွေကြေးခ၀ါ ချမှုတို့နဲ့တရားစွဲရအောင်သူ့မှာအပြစ်မရှိ ပါဘူးလို့ Soloway ကပြောပါတယ်။ ဒါ ပေမယ့် သူ့ကို Junk မေးလ်ပေးပို့မှုအပြင်၊ တခြားသူတွေရဲ့အင်တာနက်ဒိုမိန်းနိမ်းကို ယူသုံးမှုနဲ့ပါတရားစွဲထားပါတယ်။ Spammer တွေကိုတရားစွဲရာမှာ ID ခိုးယူမှုပါ တရားစွဲတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။
Soloway ဟာသူ့ရဲ့ ၀က်ဘ်ဆိုက်ပေါ် မှာ သူ့ရဲ့ကြော်ငြာမေးလ်တွေကို လက်ခံ ယူမယ့်သူတွေရဲ့စာရင်းကို ဖော်ပြထားပါ ခဲ့တယ်။ ဒါပေမယ့် တကယ်တန်းမှာ ဒီစာ ရင်းကိုအသုံးမပြုခဲ့ပါဘူး။ ပြီးတော့ ကိုယ် ဘာသာကိုယ် Spam မေးလ်တွေပေးပို့ ချင်တဲ့သူတွေကိုလည်း ဆော့ဖ်ဝဲလ်တွေ ရောင်းချခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ ဆော့ဖ်ဝဲလ်တွေဟာ များသောအားဖြင့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဆော့ဖ်ဝဲလ်ရောင်း ချရာမှာ Support Service ပေးမယ်လို့ ဆိုပေမယ့် မပေးခဲ့ပါဘူး။
Fancy တိုက်ခန်းနဲ့ တန်ဖိုးကြီးမာစီ ဒီးရုပ်ပြောင်ကားတစ်စီးပိုင်ဆိုင်ထားတဲ့ Soloway ဟာထောင်ဒဏ်ဆယ်နှစ် ကျော်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သူပို့ခဲ့တဲ့ Spam မေးလ်တွေအတွက်နစ်နာကြေး ဒေါ်လာ 773,000 ပေးဆောင်ရဖို့လည်း ရှိပါတယ်။ သူနဲ့ပတ်သက်လို့ တိုင်တန်း ချက်တွေရာချီလာတော့မှ အာဏာပိုင် တွေက စတင်စုံစမ်းအရေးယူမှုတွေလုပ်ခဲ့ တာပဲဖြစ်ပါတယ်။
သူအသုံးပြုခဲ့တဲ့ အီးမေးလ်လိပ်စာ၊ ဒိုမိန်းနိမ်းပိုင်ရှင်တွေဆိုရင် အင်တာနက် ဆားဗစ်ပရိုဗိုက်တာတွေရဲ့ ဝေဖန်ပြစ်တင် တာ၊ နာမည်ပျက်စာရင်းတင်သွင်းတာမျိုး တွေခံခဲ့ကြရပါတယ်။
0 ရောက်မှဝေဖန်သွားသည်:
Post a Comment