Tuesday, January 20, 2009

AVG မှ Kasper သို့ ပြောင်းမယ်ဆိုရင်

Image Hosting by Picoodle.com

 AVG တင်ထားတဲ့ စက်မှာ uninstall ပေးပြီး kaspersky တင်လိုက်ရင် အောက်က အတိုင်းပေါ်တယ်။


Image Hosting by Picoodle.com

AVG ရှိနေသေးတယ်ပေါ့။ Remove ဆိုတာလေး နှိပ်လိုက်ရင် add/remove programs ကို ရောက်သွားတယ်။ uninstall လုပ်ပြီးသားဆိုတော့လည်း ရှာလည်း မတွေ့ဘူးလေ။ program files ထဲ သွားပြီး ကျန်တာ ဖျတ်ပေးလည်း မထူးဘူးလေ။ ဘာလို့လဲ ဆိုတော့ AVG ရဲ့ Uninstall program က သူ့ရဲ့ registry ဖိုင်တွေကို မဖျတ်ပေးခဲ့ဘူး။ kasper လည်း တင်လိုက်ရော မတိကျတဲ့ AVG နဲ့ လက်ပေါက်ကပ်တဲ့ kasper တွေ့ကြရောပေါ့။ လေရှည်သွားပြီ တင်လို့ ရဖို့က လွယ်လွယ်လေးပါ။

Run မှာ regedit လို့ ရိုက်ထည့်ပြီး Registry Editor ကို ၀င်လိုက်ပါတယ်။ အောက်ပါအတိုင်း ရှာလိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\AVG


ရှာတွေ့မယ် ထင်ပါတယ်။ HKEY_LOCAL_MACHINE ရဲ့ SOFTWARE အောက်မှာ AVG ကို right click လုပ်ပြီး delete နှိပ် ဖျတ်ပစ်လိုက်ပါ။

Image Hosting by Picoodle.com

ပြီးရင် Registry Editor ပိတ်လိုက်ပြီး ပုံမှန်အတိုင်းပဲ Kasper ပြန် run လိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers