Monday, January 26, 2009

အင်တာနက်ကို လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျောခွသုံးကျမယ်

ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် နဲနဲintro လေးဝင်လိုက်ဦးမယ်နော် …. :P
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ နေထိုင်သွားလာမှု၊ ဆက်သွယ်မှုတွေဟာလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲလာပါတယ်။ အဲ့ဒီလို တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ဆက်သွယ်ရေး၊ သတင်းစီးဆင်းမှုတွေဟာလည်း အလွန်ပဲ လျင်မြန်လာပါတယ်။ အခုလို နည်းပညာတွေ တိုးတက်လာတော့ သတင်းမှောင်ချခြင်း ပြုလုပ်မှုတွေဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ သတင်းပြန့်နှံ့မှုတွေ အဓိကဖြစ်ပွားခဲ့တဲ့ Blogger ကို ပုဂံကနေပြီး အသုံးပြုခွင့်ပိတ်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဘလော့အသုံးပြုသူတွေဟာ အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အရင်းကတည်းက ပြည်တွင်းက အင်တာနက်အသုံးပြုသူတွေဟာ ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို ကျော်လွှားအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလိုအသုံးပြုရာမှာ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ web proxy ကနေတဆင့်အသုံးပြုတာနဲ့ bypassing application (ဥပမာ - Your Freedom) တွေအသုံးပြုတာက ပိုပြီးများတယ်။ အဲ့ဒီနှစ်မျိုးလုံးမှာ သူ့အားနည်းချက်နဲ့ သူရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း သိန်းနဲ့ချီတဲ့ web proxy တွေရှိပါတယ်။ တစ်ချို့လူသုံးများတဲ့ ဟာတွေကိုလည်း ပုဂံက အသုံးပြုခွင့်ပိတ်ထားပါတယ်။ အဲ့ဒီ web proxy တွေရဲ့အားနည်းချက်ကတော့ web page surfing အတွက်သာအသုံးပြုနိုင်ခြင်း၊ Messenger ကဲ့သို့ application များအသုံးမပြုနိုင်ခြင်း၊ ကြော်ငြာများပြားခြင်း၊ တစ်ချို့ဆိုဒ်များတွင် virus များပင်ရှိတတ်သည်။ ထို့ကြောင့်၎င်းအားအသုံးပြုပါက သေချာစီစစ်ပြီးမှ အသုံးပြုသင့်သည်။ bypassing application မှာတော့ အခု Your Freedom ကိုအသုံးပြုတာများပါတယ်။ လူတိုင်းနည်းပါးလည်းသိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ memory ကို အသုံးများခြင်း၊ Account ပြုလုပ်ရခြင်း (တတ်နိုင်ပါက ၄င်းဝန်ဆောင်မှုအား ၀ယ်ယူအသုံးပြုနိုင်ပါတယ်)၊ ၄င်းကပေးသော Free Account တွင် Bandwidth နှင့် Connection Stream များ ကန့်သတ်ထားခြင်း၊ မူရင်း Software File Size (27 MB) ကြီးခြင်းကြောင့် Download ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ အခုလည်း Your Freedom အသုံးပြုသူတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ကြားနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ အသုံးပြုရအဆင်ပြေမယ့် နည်းလမ်းများကို အစဉ်သဖြင့်ရှာဖွေစမ်းသပ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ချစ်သူငယ်ချင်း တစ်ယောက်ရဲ့ကျေးဇူးကြောင့် အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Software တစ်ခုကို တွေ့ရှိထားပါတယ်။ အလွန်ကောင်းမွန်တဲ့ Freeware တစ်ခုပါ။ အဲ့ဒါကိုအသုံးပြုဖို့အတွက် ဘာအဖိုးအခမှ ကုန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ Connection Speed ဟာလည်း အလွန်လျင်မြန်ကောင်းမွန်လှပါတယ်။ Firefox, IE, Safari စတဲ့ Web Browser တွေနဲ့အလုပ်လုပ်သလို၊ Messenger တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ နောက်ပြီး အရမ်းကောင်းတဲ့အချက်ကတော့ အဲ့ဒီ software ဟာ Portable or Micro Application ဖြစ်နေတာပါပဲ။ အားလုံးသိကျတဲ့အတိုင်း Portable or Micro Application တွေဟာ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုကို ကျွန်တော်ပြောလိုက်ရင် အံ့သြသွားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ အဲ့ဒီ Application ရဲ့ File Size ဟာ 105 Kb သာရှိပါတယ်။ ဒါကြောင့် အဲ့ဒီ Application ကို သွားလေရာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ Cyper Cafe လိုနေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Software ရဲ့နာမည်ကတော့ Ultra Surf ပဲဖြစ်ပါတယ်။ Wujie ဆိုတဲ့အဖွဲ့အစည်းက တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။mediafireမှာလဲကျတော်
တင်ထားပေးပါတယ်။အဆင်ပြေတဲ့နေရာကယူလိုက်နော်။

MIRROR:http://www.mediafire.com/?fb2f92kimmb


0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers