အခြေခံ HTML
ကိုယ်ပိုင် Blog site ဖန်တီးချင်၍ ဖြစ်စေ၊ MyanmarSpace, Frienderster ,ning,socialgoအစရှိသော social networking site တွေမှာ ကိုယ့် Profile ကို အလှဆင်ချင် လို့ပဲ ဖြစ်စေ HTML tag တွေ အကြောင်း နားလည်ဖို့ လိုလာ ပါသည်။
HTML ဆိုတာ ဘာလဲလို့ မေးရင် အင်တာနက် Website တွေကို ပြင်ဆင်တဲ့ နည်းပညာ (markup language) လို့ပဲ အတိုချုံးပြီး ဖြေပါရစေ။ (HTML သည် C++, Java တို့လို Programming Language မဟုတ်သည်ကိုတော့ သိထားရန်လိုပါသည်။)
(မှတ်ချက်။ တချို့ Blog Site တွေက CSS template တွေ အသုံးပြုပါသည်။ CSS သည် HTML နှင့် ခပ်ဆင်ဆင်တူပါသည်။ ဒါပေမယ် CSS က HTML ထက်နည်းနည်းပိုပြီး အဆင့်မြင့်Advanced ဖြစ်တဲ့အတွက် နောက်မှပဲ CSS tag တွေအကြာင်းရေးပါဦးမည်။)
HTML tag တွေကို ကွင်းအချွန်လေး <> ထဲမှာအမြဲထဲ့သုံးရပါတယ်။ Tag မှာ အစ နဲ အဆုံး နှစ်မျိုးရှိပါတယ်။ အစဟာ ဒီလိုမျိုး < > ရိုးရိုး ကွင်းအချွန်ဖြစ်ပြီး၊ အဆုံးကျတော့ ဒါမျိုး </ > လေးပါ။ "/" ထည့်ထားတာပါ။ ဥပမာ - "မင်္ဂလာပါ ခင်ဗျာ။" ဆိုတဲ့ စားကြောင်းဆိုပါစို့။ ကျွန်တော်က "မင်္ဂလာပါ" ဆိုတဲ့ဟာလေးကိုပဲ အောက်မှာ မျဉ်းတားချင်တယ်။ "ခင်ဗျာ" ကိုဘာမှမတားပဲ ဒီအတိုင်းပဲ ထားချင်တယ်။ အဲဒီတော့ အစ Tag ကလေးကို "မင်္ဂလာပါ" မတိုင်ခင်မှာထား။ ပြီးရင် အဆုံး Tag ကို "မင်္ဂလာပါ" နောက်မှာ ပြန်ပိတ်ပါ။ (Tag ကိုပြန်ပိတ်ဖို့တော့ ဘယ်တော့မှ မမေ့ပါနဲ့။ ပိတ်ဖို့ မေ့သွားရင် ပေါက်ကရတွေ ပေါ်ကုန်လိမ့် မယ်။) HTML mode မှာ ဒါမျိုးရိုက်လိုက်ပါ -"  မင်္ဂလာပါ
ခင်ဗျာ " အဲဒါဆိုရင် webpage ပေါ်မှာ ဒါမျိုး "မင်္ဂလာပါ ခင်ဗျာ။ "လို့ မြင်ရလိမ့် မယ်။ "ul" ဆိုတာ မျဉ်းတားတဲ့ HTML လေးပါ။ တခြားအမည်းချယ် ချင်တာတို့၊ စားလုံး ကို စောင်းစေချင်တာတို့ ဆိုရင် တခြား သက်ဆိုင် ရာ Tag တွေကို သုံးရ ပါမယ်။ အောက်တွင် အသုံးများသော Tag တွေကို ဖော်ပြထားပါတယ်။
- မင်္ဂလာပါ (အရောင်ပို တောက်အောင်လုပ်တာပါ)
- မင်္ဂလာပါ (အပေါ်က b နဲ့ အတူတူပါပဲ)
- မင်္ဂလာပါ (အစောင်း ရေးတာပါ)
- မင်္ဂလာပါ (နောက်ထပ်အစောင်းတမျိုးပါ)
- မင်္ဂလာပါ (အမှားပြင်တဲ့ သဘောနဲ့ မျဉ်းနဲ့ ခြစ်လိုက်တာပါ။)
- မင်္ဂလာပါ (စာမျက်နှာ ရဲ့ အလယ်မှာ ထားတာပါ။ ခေါင်းစဉ်တွေမှာ အများအားဖြင့် သုံးပါတယ်။)
ခေါင်းစဉ် အကြီးအသေး ကြတော့ ဒါမျိုး tag ကိုသုံး ပါတယ်။
မင်္ဂလာပါ
မင်္ဂလာပါ
မင်္ဂလာပါ
မင်္ဂလာပါ
နောက်ပြီး အရာင်အမျိုးမျိုး ပြောင်းချင်လျှင်   tag က အရောင်နဲ့ ပတ်သတ်တဲ့ Attribute ကိုသုံး ရတယ်။
မင်္ဂလာပါ
မင်္ဂလာပါ
မင်္ဂလာပါ
မင်္ဂလာပါ
နည်းနည်းပိုပြီး အဆင့်မြင့်မြင့် သုံးချင်ရင်တော့ စာလုံးနဲ့ red, blue, green ရိုက်မည့် အစား hex code တွေ သုံးပါ။ ဥပမာ -
မင်္ဂလာပါ
ဒီအောက်က ဇယားလေးကတော့ အခြေခံ hex code အရာင် ဇယားဖြစ်ပါတယ်။
aqua | #00FFFF | green | #008000 | navy | #000080 | silver | #C0C0C0 |
black | #000000 | gray | #808080 | olive | #808000 | teal | #008080 |
blue | #0000FF | lime | #00FF00 | purple | #800080 | white | #FFFFFF |
fuchsia | #FF00FF | maroon | #800000 | red | #FF0000 | yellow | #FFFF00 |
နောက်ပြီး 1 2 3 နံပါတ်တွေ စာကြောင်းရှေ့ မှာ တပ်ချင်တယ်ဆိုရင်တော့
ပထမအချက်
ဒုတိယအချက်
တတိအချက်
ဒီလိုမျိုးမြင်ရလိမ်မယ် -
- ပထမအချက်
- ဒုတိယအချက်
- တတိအချက်
1 2 3 မတပ်ချင်ဘူး၊ အမည်းစက်လေးတွေပဲ ရှေ့ မှာ ချချင်ရင်တော့
ပထမအချက်
ဒုတိယအချက်
တတိအချက်
ဒီလိုမျိုးမြင်ရလိမ်မယ် -
- ပထမအချက်
- ဒုတိယအချက်
- တတိအချက်
Link လုပ်ချင်တယ် ဆိုရင်တော့
- ရိုးရိုး Link Myanmar (အဲဒီလို Tag ဆိုလျှင်ဒါမျိုးမြင် ရလိမ့်မည် - Myanmar )
- Email Link  admin သို့ အီးမေးပို့ရန် (အဲဒီလို Tag ဆိုလျှင်ဒါမျိုးမြင် ရလိမ့်မည် - admin သို့ အီးမေးပို့ရန် ).
ဓါတ်ပုံထည်ချင်သည် ဆိုလျှင်
-  ( url နေရာတွင် ဓါတ်ပုံ၏ လိပ်စာကိုထည့်ပါ။) ဥပမာ -
အောက်ပါပုံကို မြင်ရလိမ့်မည်။
မှတ်ချက် - img tag သည်ပြန်ပိတ်ရန်မလိုပါ၊ အဆုံး tag " " ထည့်ရန်မလိုပါ။
ဒါတွေဟာ အခြေခံလေးတွေပါ။ Web page တစ်ခုကို ပြင်ချင်ရင် အထက်ပါ HTML လေးတွေကို ကောင်းကောင်းသိထား ဖို့တော့ လိုလိမ်မယ်။
1 ရောက်မှဝေဖန်သွားသည်:
ကျေးဇူးအထူးတင်ပါတယ် ဆရာ
Post a Comment