ဖိုင်တွေကို jpeg ပုံထဲမှာ ဘယ်လို ဖွက်မလဲ
၁. မိမိ ဖွက်လိုတဲ့ File တွေရယ် မိမိဖိုင်တွေကိုထည့်ဖွက်ထားလိုတဲ့ jpeg ပုံတွေကို Folder တစ်ခုတည်းမှာ ရောက်နေပါစေ … ( အမှန်တော့ မထည့်ပဲလုပ်လို့လည်းရပါတယ်…ရှုပ်နေမှာ စိုးလို့ပါ ။ )
၂. ထိုနောက် မိမိဖွက်လိုတဲ့ ဖိုင်တွေအားလုံးကို rar အဖြစ် ပြောင်းလိုက်ပါ။ rar ပြောင်းနည်းတော့ အားလုံး သိပြီးသားလို့ ထင်တယ် …း)
၃. ပြီးရင် Command Line ကိုသွားပါ ။ ( Start >> Run >> cmd လို့ ရိုက် )
၎. C:\Documents and Settings\USERNAME>_(Cursor) ဆိုတာကို တွေ့လိမ့်မယ်။ (ဒါက ပုံသေတော့ ဟုတ်ဖူးနော် )
အဲဒီကနေပြီးတော့ အခုနက ကိုယ့်ဖိုင်တွေ သိမ်းထားတဲ့နေရာကို သွားရပါလိမ့်မယ်။
အဲဒီမှာ နည်းနည်း အရစ်ရှည်ရတော့မယ် … ဘယ်လို သွားမလဲဆိုတာကို …
* * cd\ ( မိမိရောက်နေတဲ့ (Drive C: D: … ) Partition ရဲ့ root Directory အောက်ကို ရောက်သွားပါလိမ့်မယ် ) နားမလည်ရင် ပုံမှာကြည့် …
* * dir ( မိမိ အခုရောက်နေတဲ့ Folder အောက်က ဖိုင်တွေကို List လုပ်ပေးတဲ့ Command ပါ )
* * cd.. ( Explorer က UP နဲ့ တူတူပါပဲ။ မိမိရောက်နေတဲ့ Directory က အပေါ်တစ်ဆင့် တက်တာပါ။ )
* * E: , D: ( ဒါက Drive ပြောင်းတာပါ )
အဲ … ဒီလောက်ဆို သွားတတ်ပြီ ထင်တယ်။
၅. ပြီးရင် ပုံမှာ ပြထားတဲ့ အတိုင်း ရိုက်ပါ။
၇. ပြီးရင် Explorer ကနေပြီးတော့ Jpeg ကို Win rarနဲ့ ဖွင့်လိုက်ပါ။
၈. ပုံမှာပြထားတဲ့အတိုင်း မိမိဖွက်ထားတဲ့ဖိုင်ကို တွေ့ရပါလိမ့်မယ်။
0 ရောက်မှဝေဖန်သွားသည်:
Post a Comment