Friday, January 16, 2009

ပိတ်မိသွားတဲ့ browser tab ကို ပြန်ဖွင့် နိုင်အောင်

web တစ်ခုက နောက်တစ်ခုကို new tab လေးနဲ့ ဖွင့်ဖွင့်သွားလိုက်တာ tab များတော့ မှားပြီးပိတ်မိပါတယ် ..။ ပိတ်မိသွားတဲ့ tab ကို ပြန်ခေါ်လို့ မရတော့ဘူးဗျာ ... ။ URL လေးလည်း မှတ်မထား မိတော့ လစ်ရောပေါ့။ အခု အဲဒါကို အဆင်ပြေစေတဲ့ နည်းလေးပေါ .. ။ firefox ရဲ့ Add on လေးပါပဲ ။(အဲဒါတွေကြောင့် firefox ကိုချစ်တာဗျ)
ဒီနေရာလေးနိုပ် ......

ထုံးစံအတိုင်း install ပြီးလို့ firefox restart လုပ်ပြီးရင် (tab တစ်ခုထက် ပိုဖွင့်ထားရင်) အောက်က ပုံလေးအတိုင်းပေါ်နေပါပြီ ။

Image Hosting by Picoodle.com


ပိတ်မိသွားတဲ့ tab ကို အဲဒါလေးနိုပ်ပြီး ပြန်ခေါ်လို့ ရပါတယ်။ tab နှစ်ခုပဲ ရှိတာကို တစ်ခုပိတ်မိလို့ တစ်ခုပဲ ကျန်ရင်တော့ အဲဒီ icon လေးပေါ်မနေတော့ပါဘူး ။ browser ရဲ့ တစ်နေရာကို R-Click လုပ်လိုက်ရင် အောက်ပါအတိုင်း မြင်ပါလိမ့်မယ်..။ အဲဒါလေးနိုပ်ပြီး ပြန်ခေါ်နိုင်ပါတယ်။

Image Hosting by Picoodle.com

Tools - Add-ons - Extensions - Undo Closed Tab Button - Option ကို နိုပ်ပြီး tab ဘယ်နှစ်ခုထိ မှတ်ထားပေးရမလဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ် ..။

Image Hosting by Picoodle.com

တော်တော်လေး အသုံးတည့်ပါတယ် .. စမ်းကြည့်ပါဗျာ .. ။


0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers