Friday, May 29, 2009

virus သတ်ချင်တဲ့ သူငယ်ချင်းများအတွက် ဆေးကောင်းတစ်လက်

waiyanblog

Norton AntiVirus 2009 ကျွန်တော့်ကွန်ပျူတာမှာ တစ်ခြား virus software တွေတင်ပြီးသတ်တာကို မနိုင်လို့ အဲ့ဒီ့ virus တွေကို သက်ဆိုင်ရာ အချုပ်ခန်းထဲ ခဏချုပ်ထားလိုက်တယ် .. ဖျက်လို့လဲမရဘူး .. ဖျက်လဲခဏလေးပဲ ပြန်ဝင်လာတာ အဲ့ဒီ့တော့ မတတ်နိုင်တော့ဘူးလေ ... ခဏချုပ်ထားလိုက်တယ် ... အဲ့ဒါနဲ့ စိတ်ကလဲ စိတ်ညစ်နေတာ .. ဘယ်လောက်စိတ်ညစ်လဲဆိုရင် ပြောမပြတတ်အောင်ကိုပဲ စိတ်တိုနေတာ .. PC ထဲမှာလဲ ဖိုင်တွေက ဖျက်တာ ဖျက်လို့ကို မနိုင်တော့ဘူး .. ဘိုးဘိုးအောင် လိုမျိုး ၀လုံး တစ်လုံးကို ဖျက်ရင် နှစ်လုံးပေါ်သလိုပဲ .. ဖိုင်တစ်ဖိုင်ကို new folder ဆိုပြီး လုပ်လိုက်တာနဲ့ တစ်ခြားဘာမှမဆိုင်ပဲနဲ့ တစ်ခြား folder 2 က ပေါ်လာတယ် .. အဲ့ဒါနဲ့ ဖိုင်တွေကို ဖွင့်တာလဲ ဖွင့်လို့မရတော့ဘူး .. ကဲမထူးပါဘူးဆိုပြီးတော့ CD burn မယ်လဲဆိုရော .. DVD ထဲကို Burn ဖို့ ဖိုင်ကို Add လုပ်လိုက်တာ ဘာဖြစ်တယ်ထင်လဲ .. ကွန်ပျူတာထဲက 1GB ရှိတဲ့ ဖိုင်က CD Burn မယ့် List ထဲလဲရောက်ရော 40KB ဖြစ်သွားရော ...

မထူးပါဘူးဆိုပြီးတော့ ဘယ်ရမလဲ Flash Drive ထဲ ထည့်မယ်ဆိုပြီးတော့ ခါးမှာ လက်သုံးတော် အဖြစ်ထားတဲ့(ဘုရင်များ သံလျှက်ထုတ်သလိုဟန်နှင့်) Stick ကို ထုတ်လိုက်ပြီး တပ်လိုက်တယ်ဆိုရင်ပဲ Copy ကူးတုန်းကတော့ အဟုတ်ပဲ .. stick ထဲလဲရောက်ရော 40KB ပဲ ရှိတော့တယ် .. အဲ့ဒါနဲ့ အဲ့ဒီ့ရောက်နေတဲ့ ဖိုင်အတုကြီးကို ဖွင့်လိုက်တော့ ဘသားချောက ဘယ်က ဆွေမျိုးသားချင်းတွေ ခေါ်လာလဲမသိတော့ဘူး နောက်ထပ် ၂ ဖိုင်ပါ ထပ်ပြီးပွားနေလိုက်သေးတယ် ... အသက်ရှိတဲ့ကောင်ဆိုရင်တော့ နဘန်ကို ဘယ်ပြန် ညာပြန်တီးပြစ်လိုက်မှာ .. အဲ့ဒါနဲ့မထူးပါဘူးပေါ့ဆိုပြီး ရှိသမျှဖိုင်အကုန်လုံးကို HDD (D:) အပိုင်းထဲကိုထည့် ပြီး HDD (C:)အပိုင်းကို window ပြန်တင်လိုက်တယ် .. တင်ပြီးတာနဲ့ ဘာမှမတင်သေးခင် .. Norton AntiVirus 2009 ကို ဒေါင်းလိုက်ပြီးတော့ update ထပ်လုပ်လိုက်တယ် ... အားလုံးပြီးသွားမှ လက်သုံးတော် Flash Drive လေးကို မရဲတရဲနဲ့ ထုတ်ပြီး USB Port ထဲ ထိုးထည့်လိုက်ပြီး auto play တက်လာတာကို cancel လုပ်လိုက်ပြီး အဲ့ကောင်ကို virus စစ်လိုက်တယ် .. သိပ်မရှိပါဘူး အကောင် 22 ကောင်ပဲရှိတာ အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ တစ်ကောင်တောင်မကျန်ဘူး သေကုန်ရော .. ၀မ်းသာလိုက်တာဆို ပြောမနေနဲ့တော့ .. အဲ့ဒါနဲ့ ငတိတွေ ခိုအောင်းကျက်စားနေတဲ့ HDD (D:)ကို စစ်လိုက်တယ်ဆိုရင်ပဲ ဆွေမျိုးသားချင်းတွေ အကောင် 60 ကျော်တွေ့လိုက်တယ် ..အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ ဂါထာတောင်မလိုဘူး အကုန်သေကုန်ရော .. သတ်ပြီးတာနဲ့ ဒီ Norton AntiVirus က ဘာလုပ်ပေးလဲဆိုရင် သတ်ပြီးသား Files တွေကို Hidden ဖိုင်လေးလုပ်ထားပေးတယ် .. သိရအောင်လို့ ကြွားတယ်ထင်တာပါပဲ .. ငါဒီ Files ထဲမှာ ရှိတဲ့ အကောင်တွေကို သတ်ပြီးပြီဆိုတဲ့သဘောပေါ့ ... အဲ့ဒါနဲ့ကိုကလဲ သူကြွားထားတဲ့ ဖိုင်လေးကို Hidden ကို အမှန်ခြစ်လေးပြန်ဖျောက်ပြီး apply လုပ်ပေးလိုက် မူရင်းဖိုင်လေး ပုံစံမပျက် ပြန်ရလိမ့်မယ် ... အားလုံးပြီးဆုံးသွားရင်တော့ ပေါ့ပါးလန်းဆန်းပြီး တက်ကြွဖျတ်လတ်နေတဲ့ ကွန်ပျူတာတစ်လုံးကို သင်ပိုင်ဆိုင်မှာပါ .. (ဒီနေ့ အူမြူးနေတာ .. စိတ်ဒုက္ခပေးနေတဲ့ ငတိတွေကို ပြားပြားဝပ်ခြေမှုန်းနိုင်ခဲ့လို့လေ) ဒါကြောင့် အောင်ပွဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပြန်ပေးလိုက်တာ .

ကဲအောက်မှာ သူ့မူရင်း website လေးကို ပြန်တင်ပေးထားပါတယ် ...
ဒီမှာပါ အဲ့ဒီ့ကနေ သွားပြီးတော့ Download လုပ်လိုက်ပါဦး ... install လုပ်ပြီးရင်တော့ update လုပ်ဖို့ မမေ့ပါနဲ့ ...
Ref:ညီနေမင်း

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)

ScreenHunter ဆိုတဲ့ အခမဲ့ ရတဲ့ software လေးဟာ ကျနော့်အတွက်တော့ Print Screen လုပ်ဖို့ အလွယ်ဆုံး Tool လေးတစ်ခု ဒါမှမဟုတ် အသုံးဝင်တဲ့ ပစ္စည်းလေးပေါ့။ သြ.. Print Screen ဆိုတာ သတိမပြုမိတဲ့သူတွေအတွက် နည်းနည်း ရှင်းပြပါရစေ။ သတိထားကြည့်ရင် Keyboard ပေါ်မှာပါတဲ့ PrtSc(Print Screen SysRq) ဆိုတဲ့ Key လေးကို တွေ့ပါလိမ့်မယ်၊ အဲဒါလေးဟာ Print Screen လုပ်တဲ့ ခလုပ်လေးပါ။ Print Screen လုပ်တယ်ဆိုတာ ကိုယ်ရဲ့ ကွန်ပျူတာပေါ်မှာ မြင်နေရတဲ့ Screen ကို Capture လုပ်လိုက်တဲ့ သဘော၊ တနည်းအားဖြင့် Copy ကူးလိုက်တဲ့သဘောပေါ့။ ကိုယ်ကြိုက်တဲ့ Microsoft Word, Paint, PhotoShop စတဲ့ application တွေထဲမှာ ပြန်ပြီး Paste (Ctrl+V) ချလိုက်တာနဲ့ အခုန ကူးလိုက်တဲ့ Screen ပုံက ပေါ်လာတယ်။ သိပ်ကိုလွယ်ပါတယ်၊ ဒါပေမယ့် သူက Screen ကြီးတစ်ခုလုံးကို ကူးတာမို့ ကိုယ် မလိုချင်တာလဲ ပါ၊ လိုချင်တာလဲ ပါပေါ့။ အခုပြောမယ့် ScreenHunter ဆိုတဲ့ အခမဲ့ရတဲ့ Software လေးကတော့ ကိုယ်လိုချင်တာလေးပဲ ကွက်ပြီး ကူးနိုင်တာမို့ သိပ်ကို လွယ်သလို အသုံးလည်းဝင်၊ အခမဲ့လည်း ရတာမို့ သုံးစွဲနည်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။
waiyanblog

ဖိုင်ပမာဏကလည်း 3.32 MB ပဲရှိသလို Install လုပ်ရတာလဲ ဘာမှ အခက်အခဲ မရှိပါဘူး။ ဆွဲချလို့ရတဲ့ Install exe ဖိုင်ကို Double Click လုပ်ပြီး Next ခလုတ်လေးတွေကို လေးကြိမ်လောက်နှိပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာထဲကို Install လုပ်ပြီး အသင့်သုံးနိုင်တဲ့ အနေအထားကို ရောက်ပါပြီ။ သုံးကြိမ်မြောက် မနှိတ်ခင် တွေ့ရတဲ့ Include the Wisdom-soft Toolbar (recommended). (You can remove later at any time.) ဆိုတဲ့ Check Box ကလေးကိုတော့ အမှန်ခြစ်လေး ဖြုတ်ပစ်ခဲ့တာ ကောင်းပါတယ်။
waiyanblog

Install လုပ်ပြီး စမ်းသုံးကြည့်ဖို့ ဖွင့်လိုက်တာနဲ့ အလွန်လွယ်ကူရိုးရှင်းတဲ့ Software Design ကို မြင်ရမှာပါ။ Capture Now ဆိုတဲ့ ခလုပ် ဒါမှမဟုတ် Short Cut အနေနဲ့ ကီးဘုတ်ပေါ်က F6 ခလုပ်ကို နှိပ်လိုက်တာနဲ့ စပြီး Screen Capture လုပ်ပါပြီ။ ဒီနေရာမှာလည်း Rectangular Area ဆိုတဲ့ Option ကို ရွေးခဲ့ရင် (ပုံမှန်အားဖြင့် ပုံသေရွေးထားပြီးသားပါ) Screen ပေါ်မှာ လေးထောင့် Cursor လေး ပေါ်လာပြီး ကိုယ်လိုချင်တဲ့ နေရာကို ကွက်ယူပြီး Capture လုပ်လိုက်ယုံပါပဲ။ ပုံသေအားဖြင့် သူက File အဖြစ်လည်း Desktop ပေါ်မှာ Save ပေးသလို Clipboard ပေါ်မှာလည်း သိမ်းပေးလိုက်တာမို့ ကြိုက်တဲ့ Application ကိုဖွင့်ပြီး Paste လုပ်ချင်ရင်လည်း အလွယ်တကူပါပဲ။

ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ To ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး ဘယ်နေရာမှာ File အဖြစ် Save မယ်၊ ဘာဖိုင်အမျိုးအစားနဲ့ Save မယ်ဆိုတာတွေကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

ScreenHunter ဟာ Print Screen လုပ်တဲ့အချိန်မှာ Mouse ကိုပါ ထည့်မယ်၊ မထည့်ဘူး၊ Active ဖြစ်နေတဲ့ Application Window ကိုပဲ Print Screen လုပ်မယ်၊ ဒါမှမဟုတ် Screen ကြီးတစ်ခုလုံးကိုပဲ Print လုပ်ချင်တယ် စသဖြင့် ကိုယ်ကြိုက်တဲ့ ပုံစံကို ကိုယ်ကြိုက်သလို ရွေးချယ်နိုင်ပါတယ်။

Print Screen က ဘယ်နေရာတွေမှာ အသုံးတည့်လည်းဆိုတော့ ကိုယ် ကွန်ပျူတာမှာ ဘယ်လိုကြုံတွေလိုက်ရတယ် ဆိုတာကို မှတ်တမ်းတင်ထားချင်ရင်ပဲဖြစ်ဖြစ်၊ တစ်ဖက်သားကို ဓါတ်ပုံပို့ပြီး လှမ်းအသိပေးချင်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးကြပါတယ်။
ရေးလိုက်တာနဲနဲလက်လွန်သွားလို့softwareပေးဖို့တောင်မေ့သွားတယ်...:P
ဒီလင့်ကလေးကနေDownloadလုပ်လိုက်ပါဦး
http://wisdom-soft.com/products/screenhunter_free.htm
Ref:itmgmg

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)

ဒီsoftwareလေးကျနော့်မှာရှိနေတာတော့ကြာပါပြီး။သိတဲ့လူလဲတော်တော်သိနေကြပါပြီး
ဒါပေမယ့်အခုတလောဘာရေးရမှန်မသိတာနဲ့ရေးလိုက်တာပါသိပြီးသားဆိုရင်တော့ဆောရီးပါနော်
softwareက119kbပဲရှိတာပါပြီးရင်Installလုပ်လွယ်ပါတယ်Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။
သူများတွေကတော့အဟုတ်မှတ်နေမှာပေါ့။ကွန်ပျူတာရှေ့မှာမရှိဘူးလို့။သူငယ်ချင်းတွေကိုအရူးလုပ်ဖို့နဲ့
ကိုကိုယ်တိုင်အညာမခံရစေဖို့ပါ။သုံးတာမသုံးတာကကိုယ့်သဘောပေါ့/
waiyanblog

gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့ Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့ ပြောရင်း …..။
ဒီနေရာလေးကနေDownloadဆွဲလိုက်ကြရအောင်
Image Hosting by photobucket

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday, May 28, 2009

Wallpapers for Nokia phone

Photobucket

ကျနော်nokia phoneအတွက်Wallpaperတွေတင်ပေးလိုက်ပါတယ်အပေါ်ကပုံကတော့နမူနာပေါ့
တော်တော်လေးမိုက်ပါတယ်လိုချင်ရင်တော့အောက်ကလင့်မှာဒေါင်းသွားပေါ့
ကျနော်Hostingနှစ်ခုကနေတင်ပေးလိုက်ပါတယ်အဆင်ပြေတာနဲ့ဒေါင်းလိုက်ပါနော်
Download Mirror:UploadBox

Download:Mediafire

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, May 26, 2009

Update 2009.5.26 kaspersky key

kaspersky Pictures, Images and Photos

ကျနော်အရင်ကပေးထားတဲ့keyတွေblacklistဖြစ်သွားပြီးထင်တယ်အဲဒါကြောင့်ကျနော်
ုkeyအသစ်တွေထပ်တင်ပေးလိုက်တယ်....
ိdownloadကိုအောက်ကလင့်မှာလုပ်လိုက်ပေါ့
Image Hosting by photobucket
Mediafire

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

တခါတုန်းကတစ်နေရာ….

Photobucket

လွမ်းတယ်…..သူငယ်ချင်း
အေးမြတဲ့နှင်းခဲလိုစကားလုံးတွေနဲ.အစပြုလို့ 
မိုးပွင့်လိုရင်ထဲကမျက်ရည်နဲ.နှုတ်ဆက်အဆုံးသတ်ခဲ့တဲ့
ငါတို့ ရဲ့ ခင်မင်မှုကိုလွမ်းတယ်

အတိုင်းအဆဲ့မဲ့ကောင်းကင်ပြင်ကျယ်ကြီးမှာ
အနန္တကြယ်ကလေးတွေ ကွန်းခိုသလို
မော်ရွှေမြိုင် GTU ကျောင်းတော်ကြီးမှာ
ငါတို့  ကွန်းခိုခဲ့တာ ကိုလွမ်းတယ်

သင်းပျံ့ ပျံ့ ကံကော်တန်း စီရရီ နဲ့ 
မာလာဝတ်ရည် လမ်းမထက်ပေါ်မှာ
လွယ်အိတ်ကိုလွယ် T(တီ) ကိုဆွဲလို့ 
ပေါ့ ပါးစွာရွှေ့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေ ကိုလွမ်းတယ်


မြစ်သံလွင်ရဲ့ နေ၀င်ဆည်းဆာပန်းချီမှာ
အိပ်တန်းပြန်ငှက်တွေကဆေးစက်ကူသလို
မော်ရွှေမြိုင် GTU ရဲ့ မနက်ခင်းတွေမှာ
အင်/ယာ လောင်းလျာတွေနဲ့  အသက်ဝင်နေတာကိုလွမ်းတယ်

ဖြူပြာဝတ်စုံ တူလွှမ်းခြုံ ထားတဲ့
နောက်ဆုံးနှစ် Electronics Major စာသင်ခန်းထဲက
ငွေစင်ကြယ်လို မျက်ဝန်း တစ်စုံ နှင့်
မိုနာလီဇာလို အပြုံးပိုင်ရှင်
ကောင်မလေး(စုသန္တာ)ကိုလွမ်းတယ်

တစ်နေ့ တစ်မျိုး ဘယ်ခါမရိုးတဲ့
ဘော်ဒါတွေရဲ့ ခံစားချက်နဲ့ လွင့်ခဲ့တဲ့
Lady အဆောင်ရှေ့ အုတ်ခုံပေါ်က
Guitar (သီချင်းသံ) ကိုလွမ်းတယ်

အချိန်လက်တံနောက်မှာ ကျန်ခဲ့ပေမဲ.
ရင်မှာရှင်သန်နေမြဲသူငယ်ချင်းတွေနဲ့ 
အတူတူသွားခဲ့ဖူးတဲ့ တောင်ပေါ်တန်းနဲ့ မြစ်သံလွင်ကမ်း
ပြန်လည်တွေးတိုင်း ကိုလွမ်းတယ်

လွမ်းတယ်…..သူငယ်ချင်း
နက်နက်ရှိုင်းရှိုင်း သန္ဓေတည်
သံယောဇဉ် တစ်ပွေ့ တစ်ပိုက်နဲ့ 
လွမ်းလို့ မပြေ ကျောင်းသားဘ၀ရဲ့ 
အဖြူရောင် အတိတ်နေ့ ရက်များ
အားလုံး………အားလုံးကိုလွမ်းတယ်။(ဒေါ်ခင်သန္တာအောင်မပါ)

MONGTIဆိုက်ထဲကဝေကောင်းကင်(ခ) ချမ်းလွန်ရဲ့ကဗျာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Monday, May 18, 2009

Kaspersky keys (16.5.09)

Photobucket

စာရေးရမှာပြင်းတယ်ဗျာဒီတခါကျနော်kesperskyမှာသုံးဖို့keyတွေတင်ပေးထားတယ်
2008ရော2009အတွက်ပါပေါ့။အောက်ကလင့်တွေမှာဒေါင်းလို့ရပါတယ်။key finderနဲ့ရှာတာ
အဆင်မပြေရင်ဒီမှာဒေါင်းလိုက်နော်။
Download Mirror 1 : Mediafire (Kaspersky keys 16.5.09)

Download Mirror 2 : Zshare (Kaspersky keys 16.5.09)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, May 16, 2009

cloud computing site

လက်တလောcloud computingွ ခေတ်စားနေတာနဲ့ ကျနော်လည်း Desktop နီးပါး အသုံးဝင်မယ့် cloud computing service တွေလိုက်ရှာနေတာ ကြာပါပြီ။ လက်အနေအထားအရ Desktop OS ပုံစံနဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရတဲ့ cloud computing site တစ်ခုကို တွေ့ခဲ့ပါတယ်။ ဆိုက်နာမည်ကတော့

http://www.icloud.com

လို့ခေါ်ပါတယ်။ ပိုကောင်းတာကတော့ သူက ဖရီး sign up ပါ။ free storageပါ ပေးသေးတယ်ခင်ဗျ။ cloud computing ဆိုတာ ဘယ်လိုလည်းဆိုတာ သိချင်သူတွေ အခုပဲ အကောင့်တစ်ခု သွားလုပ်ပြီး စမ်းသုံးကြည့်ကြပါ။

ပါဝင်သော application များ။

* Mail
* Instant Messaging
* Photo organizer
* File explorer
* Music & Video player
* Write
* Calendar
* Contacts
* Games
* Internet Radio
* Unzip archive
* IDE (Integrated Development Environment)
* Developer documentation
* API documentation
* XML Editor








ကြိုက်တယ်ဆိုရင်ကွန်းမန့်လေးတော့ရေးပေးခဲ့ပေါ့။ကွန်းမန့်တခုကိုအားဆေးတခွက်လိုသဘောထားပါတယ်
Ref:Mystery Zillion Forum

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ် !

သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။
အဆင်မပြေရင်ကိန်းမန့်လေးရေးပေးထားပေါ့

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

CSS Tab Designer

CSS Tab Designer screenshot CSS Tab Designer screenshot

Blogတခုရဲ့Headerအောက်ကMenuBarလေးတွေဖန်တီတဲ့Softwareလေးပါ။CSSနဲ့HTMLကို
နားလည်ရင်နားနားလည်သလိုဖန်တီလို့ရပါတယ်သူရဲ့မူရင်းဆိုက်က
ဒီမှာပါ။နောက်မှကျနော်သုံးနည်းရေးပေးပါ့မယ်။
ကွန်းမန့်လေးတော့ချန်ထားခဲ့ပေါ့........
Download (1.35 MB)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကိုယ့်ကွန်ပျူတာကို ဘယ်သူသုံးသလဲနှင့် keyboard မှာ ရိုက်သမျှစာတွေကို လိုက်မှတ်ပေးနိုင်တဲ့ perfect keylogger

Photobucket

ကျနော့်သူငယ်ချင်းတယောက်တင်ခိုင်လို့ကျနော်ဒီပို(စ်)ကိုတင်ဖြစ်တာပါ။
်Full Version ကိုတော့နောက်မှတင်ပေးပါ့မယ်။ကြိုတင်ပြီးသတိပေးချင်တာကဘယ်သူ့ကိုမှဒုကမပေးပါနဲ့
ကျနော်ရေးလိုက်တဲ့စာကြောင့်တဦးတယောက်ဒုကရောက်သွားမယ်ဆိုရင်ကျနော်ဝမ်းနည်းမိမှာပါ
ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ သူငယ်ချင်းများ အခြားအခြားသော ကွန်ပျူတာဆိုင်တွေမှာများ သွားပြီး အင်တာနက်သုံးမိလိုက်တယ်ဆိုရင် အရင်ဦးဆုံး Start bar မှာ keylogger လေးရှိမရှိအရင်ဦးဆုံး စစ်ဆေးပြီးမှ သုံးကြပါလို့ ထပ်ဆင့်ပြီးတော့ အသိပေးလိုက်ပါတယ် .. တစ်ကယ်လို့ မိမိသုံးမယ့် ကွန်ပျူတာဆိုင်တွေမှာများ ဒီ keylogger လေးကိုတွေ့မိရင် အဲ့ဒီ့ဆိုင်မှာ သွားမသုံးပါနှင့်။သူ့ရဲ့မူရင်းဆိုက်လိပ်စာကဒီမှာပါ။အဲ့ဒီ့ဆိုက်လေးမှာ သွားပြီးတော့ မိမိတင်ထားတဲ့ window နှင့်ကိုက်ညီတဲ့ keylogger ကို သွားပြီး download လုပ်လိုက်ပါ ... တစ်ခုတော့ရှိပါတယ် ... အဲ့ဒီ့ keylogger လေးကို တင်တဲ့အချိန်မှာ anti virus ကိုတော့ ခဏပိတ်ထားဖို့လိုပါတယ် .. မပိတ်ထားရင် တင်လို့မရပါဘူး ... အဲ့ဒီ့လို software တိုင်းကိုတင်တိုင်း တင်တိုင်း ခဏပိတ်ထားရမှာပါ ... သူ့မူရင်းဆိုက်မှာလဲ သတိပေး ထားမြစ်ထားတာတွေ အများကြီးရေးထားပါတယ် .. အဓိကကတော့ သူတစ်ပါးရဲ့အတွင်းရေးကို ၀င်ရောက်ပြီး ဒုက္ခမပေးဖို့ပါ ..

အားလုံးဟာ trail တွေအဖြစ် 5 ရက် free ပေးသုံးထားပါတယ် ... အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ..
သူကရက်စွဲအလိုက် မှတ်ထားပေးပါတယ် .. ပုံလေးတွေတော့တင်ထားပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ ကွန်ပျူတာကတော့မဟုတ်ဘူးpassword တွေ ပါသွားမှာစိုးလို့
Photobucket

Photobucket

keystrokes ဆိုတာကတော့ မိမိဝင်ခဲ့တဲ့ ၀ဘ်ဆိုက်တွေမှန်သမျှကို လိပ်စာနှင့်တစ်ကွ username နှင့် Password တွေကို မှတ်သား ပေးထားတဲ့နေရာတစ်ခုပါ ..
Chat ဆိုတာကတော့ လူတိုင်းသိကြမှာပါ Gtalk chatting, Yahoo Messenger Chatting, MSN chatting စတဲ့ ချက်တင်မှန်သမျှကို လိုက်မှတ်ပေးထားတဲ့နေရာတစ်ခုပါ
screenshort ကတော့ မိမိချက်တဲ့ချက်တင်တွေ၊ ၀င်သမျှနေရာတွေကို ၃ မိနစ်ကိတစ်ကြိမ်ဓါတ်ပုံရိုက်ထားသလိုမျိုး ဓါတ်ပုံတွေကို ရိုက်ရိုက်ပြီးသိမ်းထားပေးတာပါ .. အဲ့ဒီ့ကြာချိန်ကို လိုက်ပြီးတော့ ချိန်ထားပေးလို့ရပါသေးတယ် .. သူကတော့ ဓါတ်ပုံသီးသန့်ပဲ ပေါ်နေမှာပါ ...
websites ကတော့ ကိုအသုံးပြုနေတဲ့ ၀ဘ်ဆိုက်တွေကို လိုက်မှတ်သားပေးထားတာပါ
ဒီလောက်ဆိုဒီကောင်လေးကိုသုံးတတ်ပြီထင်ပါတယ်
Ref:ညီနေမင်း

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, May 15, 2009

Panda introduces cloud-based free antivirus

AVG လိုမျိုး Panda ကလည်း Free Antivirus ထုတ်ပါပြီ... Panda ကိုတော့ တော်တော်များများသိပြီးသားနေမှာပါ.. Antivirus တွေ Internet Security တွေ ထုတ်နေတဲ့ company တစ်ခုပါ.. အခုဟာက personal အတွက်ပဲ ရည်ရွယ်ပြီးထုတ်လုပ်ထားပြီး free ပေးထားတာပါ... အခြား antivirus တွေနဲ့ မတူပဲ Worms Trojan Virus တွေကိုပါ တစ်ခါတည်းစစ်ပေးပါတယ်... အဲဒီ cloud antivirus ကို ၃ နှစ်အချိန်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်..

ကျွန်တော်ပြောင်းသုံးမယ်မို့ စဉ်းစားမိတဲ့အချက်ကတော့ 50 MB လောက်ပဲ နေရာယူပြီး 17 MB RAM လေးပဲအသုံးပြုတယ်ဆိုတာပါပဲ... ဟုတ်မဟုတ်တော့ မစမ်းကြည့်ရသေးဘူး... လက်ရှိ kaspersky 7 သုံးနေတာက memory ကို အများကြီး အသုံးပြုထားပြီး boot တက်ချိန်ကို ကြာစေတာကြောင့် တကယ်ကောင်းမယ်ဆိုရင် ပြောင်းသုံးသင့်တယ်လို့ ဆိုရပါမယ်... ကောင်းမကောင်းတော့ လက်ရှိမှာ မပြောနိုင်သေးဘူး နောက်ပြီး beta ပဲရှိသေးတော့ အစမ်းသပ်ခံ မဖြစ်ချင်သေးဘူး... ကိုယ့်စက်ထဲမှာ data တွေက အများကြီးဆိုတော့ နောက်ပြီး အခုအချိန်မှာ beta ဖြစ်သေးတာကြောင့်လည်းမသိဘူး.. offline update မပေးတဲ့အတွက်ကြောင့် အင်တာနက် မရှိတဲ့သူတွေ အတွက် အဆင်ပြေတဲ့ antivirus တော့ မဟုတ်ဘူးဗျ..

စမ်းချင်ရင်တော့ 18.13 MB သာ ရှိပါတယ်။ နောက်ပြီး key ကိုတော့ email ကနေ free ပို့ပေးပါတယ်ဗျာ။

http://www.cloudantivirus.com/

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဘောလုံး ဝါသနာအိုးတွေ အတွက်

ဘောလုံးဝါသနာအိုးတွေ အတွက် Soccerstand တို့ဘာတို့ကို သွားစရာမလိုပဲ Firefox က Information Bar မှာတင် Goal Score တွေကို ဖော်ပြပေးနိုင်မယ့် Firefox addon တစ်ခုကို ညွှန်းချင်ပါတယ်။ FootieFox လို့ ခေါ်ပါတယ် .... League ပွဲတော်တော်များများကို ဖော်ပြပေးနိုင်တာလဲ တွေ့ရပါတယ် ... ဂိုးသွားရင်လည်း ဂိုးဆိုပြီး အသံနဲ့ ထအော်ပေးပါတယ်။ မြန်မာလိဒ်တော့ မပါဘူးဗျ ...:D
ဒီမှာသွားပြီးInstallလုပ်လိုက်ပေါ့
https://addons.mozilla.org/en-US/firefox/addon/725
အိုကေနော်အိုကေ..:P

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

codigoHackeres

SerialKeysတွေပါ။တော်တော်စုံပါတယ်ဘာမှကိုပြောဖို့လိုမယ်မထင်ပါဘူး
Gameကစလို့Softwareတော်တော်များများပါပါတယ်

codigoHackeres codigoHackeres anon-891084 muitos seriais de muitos programas

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, May 12, 2009

အကြိုက်ဆုံး Brush များ နှင့် free download links

ကျနော်ကြိုက်တဲ့ Photoshop brush လေးတွေပေးမယ်။ တော်တော်လေးကို ကြိုက်လို့ ကျနော့် သူငယ်ချင်းတွေ မရလိုက်မှာ စိုးလို့ တင်ပေးလိုက်ပါတယ်။ ကျန်တဲ့ brush တွေအတွက် free ဒေါင်းနိုင်တဲ့ နေရာတွေ ပြောပါ့မယ်။ ပုံကို နှိပ်လိုက်ရင် fileden က နေ ဒေါင်းလုပ်ကျပါမယ်။ မရခဲ့ရင် အောက်က zshare လင့်ကယူလိုက်ပါ။

Image Hosting by Picoodle.com
Brush Plasma Zshare


Image Hosting by Picoodle.com
Dream catcher Brushes Zshare


Image Hosting by Picoodle.com
fantasy floral Brushes Zshare


Image Hosting by Picoodle.com
Fresh Foliage Brushes Zshare


Image Hosting by Picoodle.com
Hearts brush Zshare


Image Hosting by Picoodle.com
LIGHT I brush Zshare


Image Hosting by Picoodle.com
LIGHT II brush Zshare


Image Hosting by Picoodle.com
LIGHT III brush Zshare


Image Hosting by Picoodle.com
Nature And Floral Brush I Zshare


Image Hosting by Picoodle.com
Nature And Floral Brush II Zshare


Image Hosting by Picoodle.com
Rons Flames brush Zshare


Image Hosting by Picoodle.com
Light Storm III Brush Zshare


Image Hosting by Picoodle.com
Pin Striping brush Zshare

ကြိုက်ကြမယ်တော့ ထင်ပါတယ်။ အစက ကျနော် စဉ်းစားထားတာက brush ကို အမျိုးအစားလိုက်စုပြီး တင်ပေးမလို့လေ။ ကျနော် photosho brush အတွက် share လုပ်ဖို့ Hosting account တစ်ခု သက်သက်တောင် လုပ်ပြီးပြီ။ ဒါပေမယ့် Hosting Free ပဲ နိုင်တယ်လေ။ ပိုက်ပိုက်မရှိတော့ တစ်နေရာထဲက ရှယ်ရင်လည်း တစ်လစာက တစ်ပတ်လောက်နဲ့ ကုန်ရော။ ဒါတောင် 1 Gb Storage ပေးရင် 400 Mb ကျော်ကျော်ပဲ တင်တာ။ တစ်လစာ 5 Gb Bandwidth က တစ်ပတ် နှစ်ပါတ်ထက်ပိုမခံဘူး။ အဲဒီတော့ ကို့ဘာသာ စုလိုက်တော့နော်။ ဒေါင်းလို့ အလကားရမယ့် လင့်တွေ အောက်မှာ ပေးထားတယ်။ တစ်ခုခုမှာကို Brush ရာနဲ့ချီ ရှိတဲ့ site တွေလည်းပါပါတယ်။ ကျေနပ်ကြမယ်ထင်ပါတယ်။

http://www.brusheezy.com/

http://getbrushes.com/

http://www.brushesdownload.com/

http://graphicssoft.about.com

http://www.psbrushes.net/

http://www.freephotoshop.com/html/free_brushes.html

http://tutorialblog.org/free-photoshop-brushes/

http://getbrushes.com/texture-photoshop-brushes

http://www.photoshopbrushes.com/brushes.htm

http://www.photoshoproadmap.com

http://blinding-light.com/download/brushes

http://photoshop.digitalmedianet.com

http://qbrushes.com/grunge/brush-stroke/

http://inobscuro.com/brushes/

http://www.designshard.com/

http://www.noupe.com/photoshop

http://dzineblog.com

http://www.pixelmoonstudio.com

http://www.easyelements.com

http://bestsiteslist.net

http://biorust.com

http://www.photoshoproadmap.com

http://designfruit.com

http://www.photoshopdecor.com/

http://www.bittbox.com

http://www.peamarte.it/02/download.html

http://www.carbodydesign.com


အားလုံး အဆင်ပြေကြပါစေ ....
Ref:သံလုံငယ်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Blog Easy Making.3 : ပို့စ် တစ်ခု တင်မယ် ဆိုရင်

ဘလော့လုပ်နည်း တတိယပိုင်း အနေနဲ့ ပို့စ်တစ်ခု တင်တာကိုရေးပါ့မယ်။ အတတ်နိုင်ဆုံးလွယ်အောင် ပို့စ် နည်းအောင် ချုံ့ထားတာပါ။ ဆက်ကြည့်ရအောင်ဗျာ ... ပို့စ် တစ်ခု စတင်ဖို့အတွက် Dashboard က NEW POST ဆိုတဲ့ ခလုပ်ကိုနှိပ်ပါတယ်။ အောက်ပါအတိုင်း ပေါ်လာပါတယ်။
Image Hosting by Picoodle.com
ပို့စ်ရေးတဲ့ နေရာမှာ tab နှစ်ခု ရှိတာကို သတိထားစေလိုပါတယ်။ တစ်ခုက Compose ဖြစ်ပြီး၊ စာလုံးတွေ align ညှိဖို့၊ ကာလာထည့်ဖို့ စသည်ဖြင့် လုပ်ပေးပါတယ်။

နောက်တစ်ခုက Edit Html ပါ။ ဓါတ်ပုံတွေ၊ လင့်တွေ၊ အခြားသော HTML code များထည့်ဖို့ အတွက် ဒီtab နေရာမှာ ထည့်ရပါတယ်။
Image Hosting by Picoodle.com
ပို့စ်ရေးတဲ့ နေရာရဲ့ အောက်မှာ Post Options ဆိုတာ မြင်မှာပါ။ အဲဒါကို နှိပ်ပြီး ရေးသားတဲ့ အချိန်၊ ကွန်မန့် ခွင့်ပြု မပြု စသည်ဖြင့် ပြင်ဆင်နိုင်ပါတယ်။
Image Hosting by Picoodle.com
တစ်ခုချင်းရဲ့ menu bar က icon လေးတွေကိုတော့ ကြည့်တာနဲ့ သိမှာပါ။ ကျနော် လင့်လုပ်ဖို့ နဲ့ ဓါတ်ပုံတင်ဖို့ ပြောပြပေးပါ့မယ်။ အရင်ဆုံး စာလုံးကာလာ ထည့်တာပြောမယ်နော် .. Compose ဆိုတဲ့ Tab ကိုနှိပ် ၊ ပြီးရင် မိမိ အရောင်ထည့်မယ့် စာလုံးကို Select လုပ်ပြီး T ဆိုတဲ့ icon ကိုနှိပ်ပြီး ထည့်ချင်တဲ့ အရောင်ကို ရွေးလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
စာလုံးကို လင့် ချိပ်ဖို့က ... Edit Html ဆိုတဲ့ tab ကိုနှိပ်၊ မိမိ လင့်ချိပ်ချင်တဲ့ စာလုံးကို select လုပ်ပြီး Insert Link ဆိုတဲ့ Icon လေးကို နှိပ်ပေးလိုက်ပါ။ (ဒီမှာ ဆိုတဲ့ စာလုံးကို နှိပ်တာနဲ့ မိမိ ညွှန်းတဲ့ နေရာကိုရောက်စေချင်ရင် “ဒီမှာ” ကို select လုပ်ရမှာ ဖြစ်ပါတယ်)
Image Hosting by Picoodle.com
အဲလို Insert Link ကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်ကို ညွှန်းချင်တာလဲ ဆိုပြီး လင့်တောင်းပါတယ်။ မိမိ ညွှန်းချင်တဲ့ လင့် ကို ဖြည့်ပေးလိုက်ပါ။
Image Hosting by Picoodle.com

နောက်တစ်ခုက တော့ ဓါတ်ပုံထည့်ဖို့ပါ။ HTML ကို နားလည်တဲ့ သူအတွက် ဘာမှ မဟုတ်ပေမယ့် ၊ ဘာမှ မသိတဲ့ လူတွေ အတွက် တော်တော်ကို ရှုပ်ပါတယ်။ ကျနော် အလွယ်လုပ်လို့ ရတဲ့ နည်းကိုရော သဘောတရားရော ပြောပြပါ့မယ်။ အောက်ပါ code တွေကို ကြည့်လိုက်ပါဦး။
http://img28.picoodle.com/img/img28/3/9/27/f_51G31XWX1VLm_f74ec22.jpg
" border="0" alt="Image Hosting by Picoodle.com" />
အဲဒါ ထည့်လိုက်ရင် ဓါတ်ပုံ တစ်ပုံ web page မှာပေါ်ပါတယ်။ အနီနဲ့ပြထားတာက ဓါတ်ပုံရဲ့ hosting တစ်ခုမှာ တင်ထားတဲ့ Direct link ဖြစ်ပါတယ်။
အ၀ါနဲ့ ရေးထားတာက တော့ ပုံရဲ့ ဘော်ဒါမျဉ်းပေါ့။ ၀ ဆိုတော့ ဖျောက်ထားတာ ဖြစ်ပါတယ်။ ထည့်ချင်ရင်တော့ 1 ၊ 2 စသည်ဖြင့်ပေါ့။ မျဉ်းအထူ အပါး ကွာသွားပါတယ်။
အနီနဲ့ ပြထားတာကတော့ အဲဒီပုံကို bandwidth များပြီး မပြ နိုင်တော့ တဲ့ အခါမျိုးမှာ (bad connection ကြောင့်လည်း ဖြစ်နိုင်ပါတယ်) ပုံအစား ပြပေးမယ့် စာသားဖြစ်ပါတယ်။ ကြိုက်ရာပြင်ရေးလို့ ရပါတယ်။

အခုနက စလုံးကို လင့် လုပ်တုန်းက ပေါ်လာတာကို ကြည့်မိမယ်ထင်တယ်။
http://www.waiyanblog.co.cc">ဒီမှာ
< နှစ်ခုကြားက နှိပ်ရမယ့် စာလုံးကိုထည့်ပေးရတာပါ။ တစ်ကယ်လို့ ပုံကို နှိပ်စေချင်တာဆိုရင် ပုံပေါ်တဲ့ code ကို ထည့်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ Image Hosting by Picoodle.com
သဘောပေါက်မယ်ထင်ပါတယ် ။ နားလည်သွားအောင် ပြောပြတာပါ။ code တွေ အလွတ်ကျက်ထားစရာမလိုပါဘူး။ photo hosting လုပ်တဲ့ ဆိုဒ်တွေ အများကြီး ရှိပါတယ်။ ကျနော် အကြိုက်ဆုံးကတော့ www.picoodle.com ဖြစ်ပါတယ်။ အဲဒီ ဆိုဒ်လေးကို နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်ပါတယ်။
Image Hosting by Picoodle.com
Browse ကိုနှိပ်ပြီး မိမိတင်မယ့် ပုံကို ရွေးပါ။ ပုံအရွယ်အစား ပြင်ချင်ရင် Resize ကို နှိပ်ပြီး ဆိုဒ်ရွေး ပြင်လို့ ရပါတယ်။ ပုံရွေးပြီးရင် UPLOAD IT! ကိုနှိပ်ပေးလိုက်ပါ။ အပိုင်း သုံးမျိုး ခွဲ ပြီး code တွေ ပေါ်လာပါတယ်။ (မိမိတင်လိုက်တဲ့ ပုံက Thumbnails ဆိုဒ် ဖြစ်နေရင်တော့ နှစ်ပိုင်းပဲ ပေါ်မှာပါ)
Image Hosting by Picoodle.com
ပထမဆုံး မျဉ်းဝါ နှစ်ခုကြားက code တွေကတော့ Thumbnails နဲ့ ပုံကို ဖော်ပေးမယ်။ အဲဒါကို နှိပ်လိုက်ရင် ပုံဆိုဒ် အပြည့်ကို ပေါ်ပေးမှာ ဖြစ်ပါတယ်။ သုံးခု ဖြစ်နေပါလိမ့်မယ်။ အပေါ်ဆုံးက ဘလော့ အတွက်ပါ။ < နဲ့ စပါတယ်။ အောက် နှစ်ခုက ဖိုရမ်အတွက်ပါ။ [ နဲ့ စပါတယ်။ ဒုတိယ ကတော့ ပုံဆိုဒ် အကြီးအတိုင်း ပေါ်ပေးပြီး သူ့ကို နှိပ်ရင်လည်း hosting site က ပုံကို ပြန်ပေါ်ပေးပါတယ်။(ဒီနေရာက code ကိုပဲ ကူးလိုက်ပါ။ အဆင်ပြေဆုံးပါပဲ။ မိမိက ပုံကို လင့်မပါစေ ချင်တော့ဘူး ဆိုရင်၊ ခုနက ပြောခဲ့တဲ့ ဓါတ်ပုံ code တွေပဲ ချန်ထားပြီး လင့်လုပ်တဲ့ code တွေကို ဖျတ်ပေးလိုက်ပေါ့။ သဘောပေါက်မယ် ထင်ပါတယ်နော်။ အောက်က တစ်ကြောင်းထဲပါတယ့် နှစ်ခုက Direct link များဖြစ်ပါတယ်။ Show image to friends URL of image page ဆိုတာကတော့ သူ့ picoodle ဆိုဒ်ကနေပဲ ပုံကို ပြပေးမှာ ဖြစ်ပါတယ်။ အောက်ဆုံးတစ်ခုကတော့ ပုံရဲ့ တကယ့် Direct Link ပါ။ web page တစ်ခုခုရဲ့ နောက်ခံ အဖြစ် ထည့်ချင်ရင် ဒီ code ကို ပဲ ကူးရမှာ ဖြစ်ပါတယ်။ Image Hosting by Picoodle.com
အစမှ စလုပ်မယ့် သူတွေ အတွက် အဆင်ပြေမယ်ထင်ပါတယ်။
ရေးချင်ရာ ရေးပြီးရင် PUBLISH POST ကို မနှိပ်ပဲ SAVE AS DRAFT ကို နှိပ်ရင် ပို့စ်မပေါ်ဘူး နော် ။ ရေးချင်ရာရေးပြီး ရင်းPUBLISH POST ကို နှိပ်ပေးပါ။
Ref:သံလုံငယ်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Monday, May 11, 2009

Easy Making Blog . 2 : EOT ထည့်သွင်းခြင်း

ကျနော်သူများရေးတာတွေကြည့်ပြီးတော့မှဒါကိုလုပ်တတ်တာပါ
ကဲ ဒုတိယပိုင်း ဆက်ရအောင် ..
(မြန်မာလိုရေးတဲ့ဘလော့) ဘယ်ဘလော့မှာပဲ ဖြစ်ဖြစ် Ctrl+U ကို နှိပ်ပေးလိုက်။ (အခုကျနော့် ဘလော့မှာသာနှိပ်လိုက်ပါ။)အောက်ပါအတိုင်း source ပေါ်လာမယ်။

အဲမှာ ကျနော် select ပြထားတဲ့ EOT ၄ ပိုဒ်ကို ကူးလိုက်ပါ။




@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://zorrowheart.googlepages.com/ZAWGYIO3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://zorrowheart.googlepages.com/ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://zorrowheart.googlepages.com/ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://zorrowheart.googlepages.com/ZAWGYIO0.eot);
}

ပြီးရင် Layout - Edit HTML ထဲက
body { ရဲ့ အပေါ်မှာ ထည့်ပေးလိုက်ရုံပါပဲ။

ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း Font တွေ ရေးထားတဲ့နေရာတွေ ရှာပြီး Zawgyi-one လို့ ထပ်ထည့်ပေး၊ ဒါမှမဟုတ် အစားထိုးပေးလိုက်ပါ။ (Template တစ်ခုနဲ့တစ်ခု ရေးထားတာချင်း မတူပါဘူး။ ကျနော် အပိုင်း ၁ မှာ ပြောထားတဲ့ Template ဆိုရင် body အပိုဒ် မှာတစ်ခါ ထည့်ပေးရုံပါပဲ)
Image Hosted by ImageShack.us
ဒါဆို EOT လုပ်တာ ပြီးသွားပါပြီ။ ကိုယ်ပိုင် Hosting နဲ့ ပြောင်းတင်ထားဖို့တော့ လိုပါလိမ့်မယ်။ Hosting တစ်နေရာထဲကို ၀ိုင်းဆွဲကြရင် bandwidth မနိုင်မှာ စိုးလို့ပါ။
EOT code တွေထဲက direct link တွေကို တစ်ခုချင်းယူပြီးကူးလိုက်ပါ။
Image Hosted by ImageShack.us
ပြီးရင် Browser တစ်ခုရဲ့ Address bar မှာ paste လုပ်ပြီး Enter နှိပ်လိုက်။
Image Hosted by ImageShack.us
အောက်ပါအတိုင်း Download ကျလာပါတယ်။ Save နှိပ်လိုက်ရင် EOT တစ်ခု ရပြီဖြစ်ပါတယ်။ ဒီနည်းနဲ့ ပဲ ၄ ခုလုံးကို Download လုပ်လိုက်ပါ။
Image Hosted by ImageShack.us
ပြီးရင် ကြိုက်နှစ်သက်ရာ Hosting site တစ်ခုမှာ တင်နိုင်ပါတယ်။ အကောင်းဆုံးက page.google.com ပါ။ သူက unlimited bandwidth ဖြစ်ပါတယ်။ ကျန်တဲ့ site တွေက Free account အတွက် တစ်လ 5 Gb ပဲ bandwidth ပေးပါတယ်။ page.google.com က အခုမှ account အသစ် လုပ်တဲ့လူတွေ ။ အရင်ထဲက page.google ကို သုံးမထားတဲ့လူတွေ ၀င်လို့ သုံးလို့ မရတော့ပါဘူး။ page.google အစား site.google ကို ပေးထားပါတယ်။ page.google နဲ့ တင်လို့ မရတဲ့လူတွေ အတွက် အောက် နေရာများမှာ Sign up လုပ်ပြီး တင်နိုင်ပါတယ်။ limited ဆိုပေမယ့် EOT လောက်နဲ့တော့ တစ်လ 5 Gb က ကောင်းကောင်းလုံလောက်ပါတယ်။
www.fileden.com
www.mediafire.com
www.awardspace.com

ကျနော် Fileden ကနေ တင်တာကို ပြပေးပါ့မယ်။ (ဘယ်မှာတင်တင် တူတူပါပဲ)

Upload ဆိုတဲ့ tab ကို နှိပ်ပြီး ခုနက ချထားတာတွေကို ရွေးပြီး တင်လိုက်ပါ။ ပြီးပြီ ဆိုရင် Files ဆိုတဲ့ tab ကိုနှိပ်။ သူ့ရဲ့ side bar က Switch to the old file browser ဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။
Image Hosted by ImageShack.us
ခုနက တင်ထားတာတွေကို တွေ့ပါလိမ့်မယ်။ R-Click လုပ် Copy Link Location ကို နှိပ်။
Image Hosted by ImageShack.us
ZAWGYIO3.eot ကို နှိပ်ပြီး ကူးတာဆိုရင် ZAWGYIO3.eot နေရာ ပြန်ထည့်ပေးပေါ့။ ဒီနည်းနဲ့ပဲ ၄ ခုလုံးကို ပြောင်းပေးလိုက်ပါ။
Image Hosted by ImageShack.us
သဘောပေါက်မယ်ထင်ပါတယ်နော် .. ။ အခုမှ စလုပ်မယ့်လူတွေ သဘောပေါက်အောင် ကြိုးစား ပြောပြထားတာဖြစ်ပါတယ်။ အဆင်ပြေကြမယ်ထင်ပါတယ်။ အပိုင်းသုံး အနေနဲ့ ပို့စ်တင်ပြီး စာလုံး အစိပ်အကျဲ ချိန်တာတွေနဲ့ အသေးစားမွန်းမံ မှုများကို ရေးပါ့မယ်။
Ref:သံလုံငယ်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers