Tuesday, May 12, 2009

Blog Easy Making.3 : ပို့စ် တစ်ခု တင်မယ် ဆိုရင်

ဘလော့လုပ်နည်း တတိယပိုင်း အနေနဲ့ ပို့စ်တစ်ခု တင်တာကိုရေးပါ့မယ်။ အတတ်နိုင်ဆုံးလွယ်အောင် ပို့စ် နည်းအောင် ချုံ့ထားတာပါ။ ဆက်ကြည့်ရအောင်ဗျာ ... ပို့စ် တစ်ခု စတင်ဖို့အတွက် Dashboard က NEW POST ဆိုတဲ့ ခလုပ်ကိုနှိပ်ပါတယ်။ အောက်ပါအတိုင်း ပေါ်လာပါတယ်။
Image Hosting by Picoodle.com
ပို့စ်ရေးတဲ့ နေရာမှာ tab နှစ်ခု ရှိတာကို သတိထားစေလိုပါတယ်။ တစ်ခုက Compose ဖြစ်ပြီး၊ စာလုံးတွေ align ညှိဖို့၊ ကာလာထည့်ဖို့ စသည်ဖြင့် လုပ်ပေးပါတယ်။

နောက်တစ်ခုက Edit Html ပါ။ ဓါတ်ပုံတွေ၊ လင့်တွေ၊ အခြားသော HTML code များထည့်ဖို့ အတွက် ဒီtab နေရာမှာ ထည့်ရပါတယ်။
Image Hosting by Picoodle.com
ပို့စ်ရေးတဲ့ နေရာရဲ့ အောက်မှာ Post Options ဆိုတာ မြင်မှာပါ။ အဲဒါကို နှိပ်ပြီး ရေးသားတဲ့ အချိန်၊ ကွန်မန့် ခွင့်ပြု မပြု စသည်ဖြင့် ပြင်ဆင်နိုင်ပါတယ်။
Image Hosting by Picoodle.com
တစ်ခုချင်းရဲ့ menu bar က icon လေးတွေကိုတော့ ကြည့်တာနဲ့ သိမှာပါ။ ကျနော် လင့်လုပ်ဖို့ နဲ့ ဓါတ်ပုံတင်ဖို့ ပြောပြပေးပါ့မယ်။ အရင်ဆုံး စာလုံးကာလာ ထည့်တာပြောမယ်နော် .. Compose ဆိုတဲ့ Tab ကိုနှိပ် ၊ ပြီးရင် မိမိ အရောင်ထည့်မယ့် စာလုံးကို Select လုပ်ပြီး T ဆိုတဲ့ icon ကိုနှိပ်ပြီး ထည့်ချင်တဲ့ အရောင်ကို ရွေးလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
စာလုံးကို လင့် ချိပ်ဖို့က ... Edit Html ဆိုတဲ့ tab ကိုနှိပ်၊ မိမိ လင့်ချိပ်ချင်တဲ့ စာလုံးကို select လုပ်ပြီး Insert Link ဆိုတဲ့ Icon လေးကို နှိပ်ပေးလိုက်ပါ။ (ဒီမှာ ဆိုတဲ့ စာလုံးကို နှိပ်တာနဲ့ မိမိ ညွှန်းတဲ့ နေရာကိုရောက်စေချင်ရင် “ဒီမှာ” ကို select လုပ်ရမှာ ဖြစ်ပါတယ်)
Image Hosting by Picoodle.com
အဲလို Insert Link ကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်ကို ညွှန်းချင်တာလဲ ဆိုပြီး လင့်တောင်းပါတယ်။ မိမိ ညွှန်းချင်တဲ့ လင့် ကို ဖြည့်ပေးလိုက်ပါ။
Image Hosting by Picoodle.com

နောက်တစ်ခုက တော့ ဓါတ်ပုံထည့်ဖို့ပါ။ HTML ကို နားလည်တဲ့ သူအတွက် ဘာမှ မဟုတ်ပေမယ့် ၊ ဘာမှ မသိတဲ့ လူတွေ အတွက် တော်တော်ကို ရှုပ်ပါတယ်။ ကျနော် အလွယ်လုပ်လို့ ရတဲ့ နည်းကိုရော သဘောတရားရော ပြောပြပါ့မယ်။ အောက်ပါ code တွေကို ကြည့်လိုက်ပါဦး။
http://img28.picoodle.com/img/img28/3/9/27/f_51G31XWX1VLm_f74ec22.jpg
" border="0" alt="Image Hosting by Picoodle.com" />
အဲဒါ ထည့်လိုက်ရင် ဓါတ်ပုံ တစ်ပုံ web page မှာပေါ်ပါတယ်။ အနီနဲ့ပြထားတာက ဓါတ်ပုံရဲ့ hosting တစ်ခုမှာ တင်ထားတဲ့ Direct link ဖြစ်ပါတယ်။
အ၀ါနဲ့ ရေးထားတာက တော့ ပုံရဲ့ ဘော်ဒါမျဉ်းပေါ့။ ၀ ဆိုတော့ ဖျောက်ထားတာ ဖြစ်ပါတယ်။ ထည့်ချင်ရင်တော့ 1 ၊ 2 စသည်ဖြင့်ပေါ့။ မျဉ်းအထူ အပါး ကွာသွားပါတယ်။
အနီနဲ့ ပြထားတာကတော့ အဲဒီပုံကို bandwidth များပြီး မပြ နိုင်တော့ တဲ့ အခါမျိုးမှာ (bad connection ကြောင့်လည်း ဖြစ်နိုင်ပါတယ်) ပုံအစား ပြပေးမယ့် စာသားဖြစ်ပါတယ်။ ကြိုက်ရာပြင်ရေးလို့ ရပါတယ်။

အခုနက စလုံးကို လင့် လုပ်တုန်းက ပေါ်လာတာကို ကြည့်မိမယ်ထင်တယ်။
http://www.waiyanblog.co.cc">ဒီမှာ
< နှစ်ခုကြားက နှိပ်ရမယ့် စာလုံးကိုထည့်ပေးရတာပါ။ တစ်ကယ်လို့ ပုံကို နှိပ်စေချင်တာဆိုရင် ပုံပေါ်တဲ့ code ကို ထည့်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ Image Hosting by Picoodle.com
သဘောပေါက်မယ်ထင်ပါတယ် ။ နားလည်သွားအောင် ပြောပြတာပါ။ code တွေ အလွတ်ကျက်ထားစရာမလိုပါဘူး။ photo hosting လုပ်တဲ့ ဆိုဒ်တွေ အများကြီး ရှိပါတယ်။ ကျနော် အကြိုက်ဆုံးကတော့ www.picoodle.com ဖြစ်ပါတယ်။ အဲဒီ ဆိုဒ်လေးကို နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်ပါတယ်။
Image Hosting by Picoodle.com
Browse ကိုနှိပ်ပြီး မိမိတင်မယ့် ပုံကို ရွေးပါ။ ပုံအရွယ်အစား ပြင်ချင်ရင် Resize ကို နှိပ်ပြီး ဆိုဒ်ရွေး ပြင်လို့ ရပါတယ်။ ပုံရွေးပြီးရင် UPLOAD IT! ကိုနှိပ်ပေးလိုက်ပါ။ အပိုင်း သုံးမျိုး ခွဲ ပြီး code တွေ ပေါ်လာပါတယ်။ (မိမိတင်လိုက်တဲ့ ပုံက Thumbnails ဆိုဒ် ဖြစ်နေရင်တော့ နှစ်ပိုင်းပဲ ပေါ်မှာပါ)
Image Hosting by Picoodle.com
ပထမဆုံး မျဉ်းဝါ နှစ်ခုကြားက code တွေကတော့ Thumbnails နဲ့ ပုံကို ဖော်ပေးမယ်။ အဲဒါကို နှိပ်လိုက်ရင် ပုံဆိုဒ် အပြည့်ကို ပေါ်ပေးမှာ ဖြစ်ပါတယ်။ သုံးခု ဖြစ်နေပါလိမ့်မယ်။ အပေါ်ဆုံးက ဘလော့ အတွက်ပါ။ < နဲ့ စပါတယ်။ အောက် နှစ်ခုက ဖိုရမ်အတွက်ပါ။ [ နဲ့ စပါတယ်။ ဒုတိယ ကတော့ ပုံဆိုဒ် အကြီးအတိုင်း ပေါ်ပေးပြီး သူ့ကို နှိပ်ရင်လည်း hosting site က ပုံကို ပြန်ပေါ်ပေးပါတယ်။(ဒီနေရာက code ကိုပဲ ကူးလိုက်ပါ။ အဆင်ပြေဆုံးပါပဲ။ မိမိက ပုံကို လင့်မပါစေ ချင်တော့ဘူး ဆိုရင်၊ ခုနက ပြောခဲ့တဲ့ ဓါတ်ပုံ code တွေပဲ ချန်ထားပြီး လင့်လုပ်တဲ့ code တွေကို ဖျတ်ပေးလိုက်ပေါ့။ သဘောပေါက်မယ် ထင်ပါတယ်နော်။ အောက်က တစ်ကြောင်းထဲပါတယ့် နှစ်ခုက Direct link များဖြစ်ပါတယ်။ Show image to friends URL of image page ဆိုတာကတော့ သူ့ picoodle ဆိုဒ်ကနေပဲ ပုံကို ပြပေးမှာ ဖြစ်ပါတယ်။ အောက်ဆုံးတစ်ခုကတော့ ပုံရဲ့ တကယ့် Direct Link ပါ။ web page တစ်ခုခုရဲ့ နောက်ခံ အဖြစ် ထည့်ချင်ရင် ဒီ code ကို ပဲ ကူးရမှာ ဖြစ်ပါတယ်။ Image Hosting by Picoodle.com
အစမှ စလုပ်မယ့် သူတွေ အတွက် အဆင်ပြေမယ်ထင်ပါတယ်။
ရေးချင်ရာ ရေးပြီးရင် PUBLISH POST ကို မနှိပ်ပဲ SAVE AS DRAFT ကို နှိပ်ရင် ပို့စ်မပေါ်ဘူး နော် ။ ရေးချင်ရာရေးပြီး ရင်းPUBLISH POST ကို နှိပ်ပေးပါ။
Ref:သံလုံငယ်

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers