Friday, May 29, 2009

သိပ်လွယ်လွန်းတဲ့ Print Screen Tool လေး (ScreenHunter)

ScreenHunter ဆိုတဲ့ အခမဲ့ ရတဲ့ software လေးဟာ ကျနော့်အတွက်တော့ Print Screen လုပ်ဖို့ အလွယ်ဆုံး Tool လေးတစ်ခု ဒါမှမဟုတ် အသုံးဝင်တဲ့ ပစ္စည်းလေးပေါ့။ သြ.. Print Screen ဆိုတာ သတိမပြုမိတဲ့သူတွေအတွက် နည်းနည်း ရှင်းပြပါရစေ။ သတိထားကြည့်ရင် Keyboard ပေါ်မှာပါတဲ့ PrtSc(Print Screen SysRq) ဆိုတဲ့ Key လေးကို တွေ့ပါလိမ့်မယ်၊ အဲဒါလေးဟာ Print Screen လုပ်တဲ့ ခလုပ်လေးပါ။ Print Screen လုပ်တယ်ဆိုတာ ကိုယ်ရဲ့ ကွန်ပျူတာပေါ်မှာ မြင်နေရတဲ့ Screen ကို Capture လုပ်လိုက်တဲ့ သဘော၊ တနည်းအားဖြင့် Copy ကူးလိုက်တဲ့သဘောပေါ့။ ကိုယ်ကြိုက်တဲ့ Microsoft Word, Paint, PhotoShop စတဲ့ application တွေထဲမှာ ပြန်ပြီး Paste (Ctrl+V) ချလိုက်တာနဲ့ အခုန ကူးလိုက်တဲ့ Screen ပုံက ပေါ်လာတယ်။ သိပ်ကိုလွယ်ပါတယ်၊ ဒါပေမယ့် သူက Screen ကြီးတစ်ခုလုံးကို ကူးတာမို့ ကိုယ် မလိုချင်တာလဲ ပါ၊ လိုချင်တာလဲ ပါပေါ့။ အခုပြောမယ့် ScreenHunter ဆိုတဲ့ အခမဲ့ရတဲ့ Software လေးကတော့ ကိုယ်လိုချင်တာလေးပဲ ကွက်ပြီး ကူးနိုင်တာမို့ သိပ်ကို လွယ်သလို အသုံးလည်းဝင်၊ အခမဲ့လည်း ရတာမို့ သုံးစွဲနည်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။
waiyanblog

ဖိုင်ပမာဏကလည်း 3.32 MB ပဲရှိသလို Install လုပ်ရတာလဲ ဘာမှ အခက်အခဲ မရှိပါဘူး။ ဆွဲချလို့ရတဲ့ Install exe ဖိုင်ကို Double Click လုပ်ပြီး Next ခလုတ်လေးတွေကို လေးကြိမ်လောက်နှိပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာထဲကို Install လုပ်ပြီး အသင့်သုံးနိုင်တဲ့ အနေအထားကို ရောက်ပါပြီ။ သုံးကြိမ်မြောက် မနှိတ်ခင် တွေ့ရတဲ့ Include the Wisdom-soft Toolbar (recommended). (You can remove later at any time.) ဆိုတဲ့ Check Box ကလေးကိုတော့ အမှန်ခြစ်လေး ဖြုတ်ပစ်ခဲ့တာ ကောင်းပါတယ်။
waiyanblog

Install လုပ်ပြီး စမ်းသုံးကြည့်ဖို့ ဖွင့်လိုက်တာနဲ့ အလွန်လွယ်ကူရိုးရှင်းတဲ့ Software Design ကို မြင်ရမှာပါ။ Capture Now ဆိုတဲ့ ခလုပ် ဒါမှမဟုတ် Short Cut အနေနဲ့ ကီးဘုတ်ပေါ်က F6 ခလုပ်ကို နှိပ်လိုက်တာနဲ့ စပြီး Screen Capture လုပ်ပါပြီ။ ဒီနေရာမှာလည်း Rectangular Area ဆိုတဲ့ Option ကို ရွေးခဲ့ရင် (ပုံမှန်အားဖြင့် ပုံသေရွေးထားပြီးသားပါ) Screen ပေါ်မှာ လေးထောင့် Cursor လေး ပေါ်လာပြီး ကိုယ်လိုချင်တဲ့ နေရာကို ကွက်ယူပြီး Capture လုပ်လိုက်ယုံပါပဲ။ ပုံသေအားဖြင့် သူက File အဖြစ်လည်း Desktop ပေါ်မှာ Save ပေးသလို Clipboard ပေါ်မှာလည်း သိမ်းပေးလိုက်တာမို့ ကြိုက်တဲ့ Application ကိုဖွင့်ပြီး Paste လုပ်ချင်ရင်လည်း အလွယ်တကူပါပဲ။

ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ To ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး ဘယ်နေရာမှာ File အဖြစ် Save မယ်၊ ဘာဖိုင်အမျိုးအစားနဲ့ Save မယ်ဆိုတာတွေကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

ScreenHunter ဟာ Print Screen လုပ်တဲ့အချိန်မှာ Mouse ကိုပါ ထည့်မယ်၊ မထည့်ဘူး၊ Active ဖြစ်နေတဲ့ Application Window ကိုပဲ Print Screen လုပ်မယ်၊ ဒါမှမဟုတ် Screen ကြီးတစ်ခုလုံးကိုပဲ Print လုပ်ချင်တယ် စသဖြင့် ကိုယ်ကြိုက်တဲ့ ပုံစံကို ကိုယ်ကြိုက်သလို ရွေးချယ်နိုင်ပါတယ်။

Print Screen က ဘယ်နေရာတွေမှာ အသုံးတည့်လည်းဆိုတော့ ကိုယ် ကွန်ပျူတာမှာ ဘယ်လိုကြုံတွေလိုက်ရတယ် ဆိုတာကို မှတ်တမ်းတင်ထားချင်ရင်ပဲဖြစ်ဖြစ်၊ တစ်ဖက်သားကို ဓါတ်ပုံပို့ပြီး လှမ်းအသိပေးချင်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးကြပါတယ်။
ရေးလိုက်တာနဲနဲလက်လွန်သွားလို့softwareပေးဖို့တောင်မေ့သွားတယ်...:P
ဒီလင့်ကလေးကနေDownloadလုပ်လိုက်ပါဦး
http://wisdom-soft.com/products/screenhunter_free.htm
Ref:itmgmg

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers