Tuesday, May 26, 2009

တခါတုန်းကတစ်နေရာ….

Photobucket

လွမ်းတယ်…..သူငယ်ချင်း
အေးမြတဲ့နှင်းခဲလိုစကားလုံးတွေနဲ.အစပြုလို့ 
မိုးပွင့်လိုရင်ထဲကမျက်ရည်နဲ.နှုတ်ဆက်အဆုံးသတ်ခဲ့တဲ့
ငါတို့ ရဲ့ ခင်မင်မှုကိုလွမ်းတယ်

အတိုင်းအဆဲ့မဲ့ကောင်းကင်ပြင်ကျယ်ကြီးမှာ
အနန္တကြယ်ကလေးတွေ ကွန်းခိုသလို
မော်ရွှေမြိုင် GTU ကျောင်းတော်ကြီးမှာ
ငါတို့  ကွန်းခိုခဲ့တာ ကိုလွမ်းတယ်

သင်းပျံ့ ပျံ့ ကံကော်တန်း စီရရီ နဲ့ 
မာလာဝတ်ရည် လမ်းမထက်ပေါ်မှာ
လွယ်အိတ်ကိုလွယ် T(တီ) ကိုဆွဲလို့ 
ပေါ့ ပါးစွာရွှေ့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေ ကိုလွမ်းတယ်


မြစ်သံလွင်ရဲ့ နေ၀င်ဆည်းဆာပန်းချီမှာ
အိပ်တန်းပြန်ငှက်တွေကဆေးစက်ကူသလို
မော်ရွှေမြိုင် GTU ရဲ့ မနက်ခင်းတွေမှာ
အင်/ယာ လောင်းလျာတွေနဲ့  အသက်ဝင်နေတာကိုလွမ်းတယ်

ဖြူပြာဝတ်စုံ တူလွှမ်းခြုံ ထားတဲ့
နောက်ဆုံးနှစ် Electronics Major စာသင်ခန်းထဲက
ငွေစင်ကြယ်လို မျက်ဝန်း တစ်စုံ နှင့်
မိုနာလီဇာလို အပြုံးပိုင်ရှင်
ကောင်မလေး(စုသန္တာ)ကိုလွမ်းတယ်

တစ်နေ့ တစ်မျိုး ဘယ်ခါမရိုးတဲ့
ဘော်ဒါတွေရဲ့ ခံစားချက်နဲ့ လွင့်ခဲ့တဲ့
Lady အဆောင်ရှေ့ အုတ်ခုံပေါ်က
Guitar (သီချင်းသံ) ကိုလွမ်းတယ်

အချိန်လက်တံနောက်မှာ ကျန်ခဲ့ပေမဲ.
ရင်မှာရှင်သန်နေမြဲသူငယ်ချင်းတွေနဲ့ 
အတူတူသွားခဲ့ဖူးတဲ့ တောင်ပေါ်တန်းနဲ့ မြစ်သံလွင်ကမ်း
ပြန်လည်တွေးတိုင်း ကိုလွမ်းတယ်

လွမ်းတယ်…..သူငယ်ချင်း
နက်နက်ရှိုင်းရှိုင်း သန္ဓေတည်
သံယောဇဉ် တစ်ပွေ့ တစ်ပိုက်နဲ့ 
လွမ်းလို့ မပြေ ကျောင်းသားဘ၀ရဲ့ 
အဖြူရောင် အတိတ်နေ့ ရက်များ
အားလုံး………အားလုံးကိုလွမ်းတယ်။(ဒေါ်ခင်သန္တာအောင်မပါ)

MONGTIဆိုက်ထဲကဝေကောင်းကင်(ခ) ချမ်းလွန်ရဲ့ကဗျာပါ။

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers