Easy Making Blog . 1 : Template ထည့်သွင်းခြင်း
ပထမဆုံး www.blogger.com ကို သွားပြီး Gmail nick တစ်ခုနဲ့ Sign In ၀င်ပါတယ်။
Step 1 အနေနဲ့ တွေ့မှာက မိမိကလောင် နာမည် သဘောပေါ့ ... အောက်ပါအတိုင်း ဖြည့်ပြီး Continue ကို နှိပ်ပါတယ်...
Step 2 အနေနဲ့ ဘလော့ ခေါင်းစဉ်လေးပေး ၊ မိမိဘလော့ အတွက် လင့်လေးကို ဖြည့်ပြီး Check လုပ်ကြည့်ပါဦး ။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင်တော့ Continue ....
Step 3 က ဘလော့ ဒီဇိုင်းတစ်ခု ရွေးခိုင်းတာပါ ... Continue သာ ဆက်နှိပ်လိုက်ပါ....
Start Blogging ကို နှိပ်လိုက်ပြီးရင် အောက်ပါအတိုင်း New Post ရေးရမယ့် နေရာကို ချက်ချင်းရောက်သွားပါတယ်။ ညာဒေါင့်က Dashboard ကိုနှိပ်လိုက်ပါ ....
မိမိဖန်တီးထားတဲ့ ဘလော့ ရဲ့ Manage လုပ်နိုင်တဲ့ Menu တွေကို တွေ့ပါလိမ့်မယ် ... အပြာရောင်နဲ့ ဖြစ်နေတဲ့ NEW POST ဆိုတာက ပို့တစ်ခု အသစ်ရေးဖို့ အတွက်ပါ ။ Edit Posts က ရေးပြီးတဲ့ ပို့စ် အားလုံးကို Manage လုပ်နိုင်တဲ့ နေရာပါ။ Settings က ဘလော့ ရဲ့ Comment တွေ ၊ ခေါင်းစဉ်တွေ၊ premit တွေ ကို ပြင်ဆင်ဖို့ပါ။ Layout က ဘလော့ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ နဲ့ Script တွေကို ပြင်ဆင်နိုင်တဲ့ နေရာပါ။ view blog က မိမိ ဘလော့ကို ကြည့်ဖို့ပါ...
ပထမဆုံး Template တစ်ခုကို ထည့်မှာ ဖြစ်တဲ့ အတွက် Layout ကို နှိပ်ပြီး Edit HTML ကို ဆက်နှိပ်ပါတယ် ...
ပီးရင် အောက်ပါ လင့်တစ်ခုခုက စိတ်ကြိုက် ဒီဇိုင်းတစ်ခုကို Download သွားချပါတယ် ...
http://freeskins.blogspot.com/
http://www.charmskins.com/
http://www.finalsense.com
http://mashable.com/2008
http://mashable.com/2007
http://www.blogcrowds.com
http://btemplates.com/
http://x-template.blogspot.com/
rar ဖိုင်နဲ့ ကျလာတာကိုဖြည်လိုက်ပါတယ်။
ဒီဘလော့ က Tamplate တွေက .txt နဲ့ပဲ ပေးတာ ဖြစ်ပါတယ် ... ။
တစ်ချို့ နေရာတွေက .xml နဲ့ ပေးတာပါ ။
ပြီးရင် ခုနက Edit HTML ရဲ့ အောက် Browse ကိုနှိပ်ပြီး ခုနက ချထားတဲ့ .txt ဖိုင်လေးကို ရွေးပြီး upload ကိုနှိပ်ပါတယ် ....
widget တွေ ပျတ်သွားမယ်ဆိုတဲ့ Alert ပေးတတ်ပါတယ် .. CONFIRM & SAVE ကိုနှိပ်ပေးလိုက်ပါတယ် ...
ပြီးရင် View Blog ကို နှိပ်ပြီး ကြည့်လိုက်ပါ ... မိမိရွေးလိုက်တဲ့ ဒီဇိုင်းကို မြင်ရပါပြီ ....
ဖတ်ရလွယ်အောင် အပိုင်းတွေ ခွဲ ရေးတာ ဖြစ်ပါတယ် ... အပိုင်း နှစ် အနေနဲ့ EOT ထည့်တာကို ရေးပါ့မယ် ...
0 ရောက်မှဝေဖန်သွားသည်:
Post a Comment