Friday, May 15, 2009

Panda introduces cloud-based free antivirus

AVG လိုမျိုး Panda ကလည်း Free Antivirus ထုတ်ပါပြီ... Panda ကိုတော့ တော်တော်များများသိပြီးသားနေမှာပါ.. Antivirus တွေ Internet Security တွေ ထုတ်နေတဲ့ company တစ်ခုပါ.. အခုဟာက personal အတွက်ပဲ ရည်ရွယ်ပြီးထုတ်လုပ်ထားပြီး free ပေးထားတာပါ... အခြား antivirus တွေနဲ့ မတူပဲ Worms Trojan Virus တွေကိုပါ တစ်ခါတည်းစစ်ပေးပါတယ်... အဲဒီ cloud antivirus ကို ၃ နှစ်အချိန်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်..

ကျွန်တော်ပြောင်းသုံးမယ်မို့ စဉ်းစားမိတဲ့အချက်ကတော့ 50 MB လောက်ပဲ နေရာယူပြီး 17 MB RAM လေးပဲအသုံးပြုတယ်ဆိုတာပါပဲ... ဟုတ်မဟုတ်တော့ မစမ်းကြည့်ရသေးဘူး... လက်ရှိ kaspersky 7 သုံးနေတာက memory ကို အများကြီး အသုံးပြုထားပြီး boot တက်ချိန်ကို ကြာစေတာကြောင့် တကယ်ကောင်းမယ်ဆိုရင် ပြောင်းသုံးသင့်တယ်လို့ ဆိုရပါမယ်... ကောင်းမကောင်းတော့ လက်ရှိမှာ မပြောနိုင်သေးဘူး နောက်ပြီး beta ပဲရှိသေးတော့ အစမ်းသပ်ခံ မဖြစ်ချင်သေးဘူး... ကိုယ့်စက်ထဲမှာ data တွေက အများကြီးဆိုတော့ နောက်ပြီး အခုအချိန်မှာ beta ဖြစ်သေးတာကြောင့်လည်းမသိဘူး.. offline update မပေးတဲ့အတွက်ကြောင့် အင်တာနက် မရှိတဲ့သူတွေ အတွက် အဆင်ပြေတဲ့ antivirus တော့ မဟုတ်ဘူးဗျ..

စမ်းချင်ရင်တော့ 18.13 MB သာ ရှိပါတယ်။ နောက်ပြီး key ကိုတော့ email ကနေ free ပို့ပေးပါတယ်ဗျာ။

http://www.cloudantivirus.com/

0 ရောက်မှဝေဖန်သွားသည်:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers